ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

VPN ဝန်ဆောင်မှုပေးသူတွေကို အဓိက ရည်ရွယ်ပြီး အနည်းဆုံး ထောင် (၆)လအထိ အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်း အတည်ပြုလိုက်တာပါ။

ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပါက အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစလို့ ပြည်တွင်းမှာ လူအများစုအသုံးပြုတဲ့ Facebook(ဖေ့ဘုတ်)၊ မက်ဆင်ဂျာ၊ အင်စတာဂရမ်၊ တွစ်တာ(X) စတဲ့ ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေကို စစ်ကောင်စီက သုံးစွဲလို့မရအောင် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေက VPN လိုဆော့ဖ်ဝဲတွေကို ရယူအသုံးချကာ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေ ဆက်လက်အသုံးပြုနေမှုကို စစ်ကောင်စီက ပိတ်ပင်တားဆီးလိုတာကြောင့် ဒီဥပဒေကို အလျင်အမြန် ပြဋ္ဌာန်း လိုက်တာလည်း ဖြစ်ပါတယ်။

သတင်းအချက်အလက်စီးဆင်းမှု ထိန်းချုပ်ရေးအတွက် စစ်ကောင်စီက ဦးစားပေးလုပ်ဆောင်နေပြီး VPN ဆော့ဖ်ဝဲအချို့ကိုပင် သုံးစွဲလို့မရအောင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က လုပ်ဆောင်ခဲ့ပါသေးတယ်။

အခု VPN လိုကိစ္စရပ်မျိုးကို ဥပဒေနဲ့ ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် အောက်ခြေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေဆီကနေ VPN အကြောင်းပြ ငွေညှစ်အကြပ်ကိုင်မှုတွေ ပိုမိုများပြားလာနိုင်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

VPN အပြင် အွန်လိုင်းပေါ်မှာ လောင်းကစားပြုလုပ်ဖို့ ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်ဆောင်ရင်လည်း ထောင်ဒဏ် ၆ လကနေ တစ်နှစ်နဲ့ ငွေဒဏ် အများဆုံး သိန်း ၂၀၀ အထိ အရေးယူနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

တယ်လီဂရန်၊ ဖေ့ဘွတ်ခ်တို့လို နေရာတွေကနေ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ ကိစ္စရပ်တွေကို ဖြန့်ဝေရင်လည်း ထောင်ဒဏ် ၁ လကနေ ၆ လအထိ အရေးယူနိုင်တယ်လို့လည်း စစ်ကောင်စီ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေထဲမှာ ပါရှိပါတယ်။

 

0 Shares:
You May Also Like
Read More

ကာဘိုးပျူစောထီးစခန်းကို တပ်ပြန်ခေါက်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သားနှင့် ပျူ ၁၁ ဦး သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ဆုတ်ခွာသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို ပယ်ချရန် အာဆီယံခေါင်းဆောင်များထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော် စာပို့

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မှာ ရွာကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး အရာရှိအပါ ၁၀ယောက်နီးပါးသေ

"ကန်သာရွာကိုစဝင်တော့ ကျနော်တို့ 40မမ နဲ့ပစ်ခတ်လို့ ဗုံးသီးစ လည်ပင်းထိပြီး စခတစ်ယောက်ထမ်းလာရတယ်။ အဲ့ဒါသူတို့ ကန်သာရွာကနေ အရပ်သားပိုင်ပစ္စည်းတွေ ယူလာပြီးအပြန် ထန်းပင်မြောင်ရွာအထွက်မှာ ကျနော်တို့က ၄၀မမတွေ၊ လက်နက်ငယ်တွေနဲ့လိုက်ပစ်ခဲ့ပါတယ်။ အဲ့မှာထမ်းစင်ပေါ်ကတင်လာတဲ့လူနာကို ပစ်ချပြီး ကျနော်တို့ကို ဆဲဆဲဆိုဆို ပြန်ပစ်ပါတယ်။ အဲ့လူနာကတော့သွေးထွက်လွန်ပြီးဆုံးတာပေါ့။"