မကြာခင် အချိန်ပိုင်းအတွင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းလိုကြောင်း ၅ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

မြို့ပေါင်း ၉၀ ထက်မနည်းကို လက်လွှတ်ထားရပြီး တစ်နိုင်ငံလုံးမှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းအပြီး ၃နှစ်ကျော်အကြာမှ သူ့ကိုတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးစကားပြောမယ်လို့ စတင်တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။  

မင်းအောင်လှိုင်က တိုင်းရင်းသားတွေရဲ့ နှစ်ပတ်လည် အခမ်းအနားတွေ၊ နိုင်ငံရဲ့ အထင်ကရနေ့စွဲတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတွေနဲ့ သဝဏ်လွှာတွေ၊ ရုပ်သံမိန့်ခွန်းတွေကတဆင့် နိုင်ငံရေးအရ ဆွေးနွေးညှိုနှိုင်းဖို့ကိုသာ အကြိမ်ပေါင်းမနည်း ပြောဆိုလာခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်နက်နဲ့ အနိုင်ယူကာ အရပ်သားအစိုးရကို ဖမ်းဆီးပြီး အာဏာလုထားပေမယ့် သူကိုယ်တိုင် လက်နက်စွဲကိုင် တော်လှန်ခံရချိန်မှာတော့ လေသံပြောင်းပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ကိုသာ စဉ်ဆက်မပြတ် ပြောဆိုလာခဲ့တာပါ။

အဆိုးဝါးဆုံး ဆုံးရှုံးမှုတွေကတော့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တိုင်းကြီးတွေအနက် စစ်တပ်ဟာ လားရှိုးနဲ့ အမ်းက စစ်တိုင်းကြီး နှစ်တိုင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ 

ထောင်နဲ့ချီတဲ့ စစ်စခန်းတွေ၊ ရာနဲ့ချီတဲ့ မြို့ရွာတွေ လက်လွှတ်ဆုံးရှုံးထားရချိန် နိုင်ငံတော်အဆင့် ပွဲလန်းသဘင်တွေမှာ အဓိပ္ပါယ်မရှိ ရောက်တက်ရာရာ မိန့်ခွန်းတွေကို ပြောဆိုပြီး မင်းအောင်လှိုင်ဟာ ၂၀၂၄ ခုနှစ်အတွင်း အပူရုပ်ကို ဟန်လုပ်ပြီး နိုင်ငံကို ထိန်းချုပ်ထားနိုင်သယောင် လူရှေ့ထွက်ခဲ့ရပါသေးတယ်။

အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံမှာ စီးပွားရေးမြင့်တက်နေပြီဟုဆိုခြင်း၊ နိုင်ငံကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ပြီဟု ပြောဆိုခြင်း၊ လျှပ်စစ်မီး မမှန်တဲ့ ရန်ကုန်ကို လျှပ်စစ်ရထားပြေးဆွဲမယ်လို့ဆိုခြင်း၊ နိုင်ငံတစ်ဝန်းလုံးကို ရွေးကောက်ပွဲပြုလုပ်မယ်လို့ဆိုခြင်း အစရှိတဲ့ အဓိပ္ပါယ်မဲ့ နှုတ်ထွက်မိန့်ခွန်းတွေကို ၂၀၂၄ ခုနှစ်အတွင်း ပြောကြားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး နောက်ပိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ 

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်မှာ တွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ

ပညာရေးနဲ့ပတ်သက်ပြီးလည်း ကလေးငယ်တွေကို Sex Education သင်ကြားမှုကို ဖြုတ်ချခဲ့ပြီး အမျိုးသားရေးနဲ့ ယဉ်ကျေးမှုကို အလေးပေးနိုင်ခဲ့တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ 

စစ်ကောင်စီက စစ်အင်အားအများအပြား၊ နယ်မြေအများအပြား ဆုံးရှုံးနေမှုကို ဖုံးကွယ်ကာ တိုင်းပြည်အခြေအနေ အရပ်ရပ်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်း နေသယောင် ပုံရိပ်ကို ပြသလိုတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ဒီဇင်ဘာ တတိယပတ်အတွင်းက မင်းအောင်လှိုင်ဘက်ကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာဆိုရင်တော့ တိုင်းရင်းသားတွေကို မိမိဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်းပေမယ့် ၎င်းတို့ဘက်က အဖက်မလုပ်တာဟုပင် ထုတ်ဖော်ပြောဆိုဝန်ခံခဲ့ရပါတယ်။

 ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုတွေကို မင်းအောင်လှိုင်ဟာ နိုင်ငံတော်အဆင့် အခမ်းအနားတွေအတွင်း ရောက်ရှိနေစဉ် ဖြတ်သန်းခဲ့ရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေချိန် ရခိုင်ပြည်နယ်၊ မောင်တော မြို့သူကြီးရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို AA က သိမ်းပိုက်ချိန်နဲ့ တိုက်ဆိုက်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေချိန်မှာလည်း  ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) ကျဆုံးခဲ့ချိန် ဖြစ်ပါတယ်။

အမျိုးသားအားကစားပွဲတော် ကျင်းပရာ  နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း မင်းအောင်လှိုင်ဟာ မျက်နှာမသာမယာနဲ့ ကွင်းအတွင်းက အားကစားသမားတွေကို အလံငယ်လေးနဲ့ ဝှေ့ယမ်းပြနေစဉ် ရခိုင်ပြည်နယ် အမ်းနဲ့မောင်တောမှာ စစ်ကောင်စီတပ်သားတွေကလည်း အလံဖြူတွေ ဝှေ့ယမ်းကာ လက်နက်ချ အဖမ်းခံနေရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ  မြို့ပေါင်း ၉၀ ကျော်၊ စစ်တိုင်း နှစ်တိုင်း အပါအဝင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လေးခုနဲ့ ခြေလျင်၊ ခြေမြန်၊ အမြောက်၊ လေကြောင်းရန်ကာကွယ်ရေး၊ ဆက်သွယ်ရေး၊ ထောက်ပို့ တပ်ရင်းတပ်ဖွဲ့ ရာနဲ့ချီဟာ တော်လှန်ရေးအင်အားစုတွေ လက်ထဲကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ အင်္ဂါစဉ် ပျက်ယွင်းတဲ့အထိ ဖွဲ့စည်းပုံတွေ လုံး၀ပျက်စီးသွားတာ ဖြစ်ပါတယ်။ 

မင်းအောင်လှိုင်ဟာ အာဏာလက်မလွှတ်ရရေးအတွက် အောက်ခြေစစ်သားတွေကိုသာ ချနင်းပြီး ၂၀၂၄ ခုနှစ်တာတစ်ခုလုံးကို ရူးမိုက်စွာ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခြင်းနဲ့သာ ကုန်ဆုံးခဲ့ပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတ္အအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ တင်ပြထားပြီးဖြစ်တာကြောင့် လာမယ့် ၂၀၂၅ မှာ မင်းအောင်လှိုင်တစ်ယောက်  ဘယ်လောက်အထိ အသက်ဆက်နိုင်ဦးမလဲ ဆိုတာစောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“ပြန်ကောင်းခဲ့ရင် လက်နက်ကိုင်ပြီးတော့ တောထဲပြန်ဝင်မှာ” ရဲဘော် နေလင်း

တိုင်းပြည်တစ်ခုရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေတိုင်းမှာ လူငယ်တွေဟာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ခေတ်အဆက်ဆက် ဒီလိုပဲ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေခဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
Read More

စစ်တပ်ထဲတွင် ဆေးသုံးထားပြီး ထမင်းမကျွေးရင် မစားသူ၊ တစ်ယောက်တည်း စကားပြောနေသူ၊ ရယ်နေသူ၊ ငိုနေသူများ တွေ့ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သား ပြော

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။
Read More

ပဲခူးနှင့် တနင်္သာရီတိုင်းမှာ စစ်ကောင်စီစခန်း ၈ ခုကို ပကဖ များပါဝင်သည့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်း အင်အားရာချီပါသည့် စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့

ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အင်အား ရာချီရှိတဲ့ အကြမ်းဖက်စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ လက်တွဲဖြုတ်ဖို့ Airbus လေကြောင်းကုမ္ပဏီကြီးကို အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာပေးပို့

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အထောက်အပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ စီးပွားရေး အရလုပ်ကိုင်မှုတွေ လုံး၀ရပ်ဆိုင်းဖို့ ကမ္ဘာ့လေကြောင်း နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Airbus ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

တော်လှန်ရေးတပ်များ ဖြတ်တောက်ပစ်မည့် စစ်ကောင်စီ၏ အသက်သွေးကြော (သို့မဟုတ်) တုန်လှုပ်ခြောက်ခြားနေသည့် ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာပြည်အနှံ့အပြားမှာ တည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။