ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ မြန်မာနိုင်ငံသားအတွက် မြဝတီဘက်ကို လက်ပစ်ဗုံး သွားဝယ်ပေးတဲ့လူ စီးလာတဲ့ကားကို ထိုင်ူစစ်တပ်က မသင်္ကာလို့ စစ်ဆေးခဲ့ရာကနေ လက်ပစ်ဗုံး ၂လုံးနဲ့အတူ ဝယ်ပေးတဲ့လူကိုရော ဝယ်ခိုင်းတဲ့လူကိုပါ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်လုပ် သေနတ် ၁လက်နဲ့ ကျည် ၇တောင့်ကိုလည်း ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

“လက်ပစ်ဗုံး ၂လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့သူက အသက်၁၉နှစ် အောင်မင်းဆိုတဲ့လူ.. သူက သူ့ကို မြန်မာနိုင်ငံသား ဝင်းမျိုးဆိုတဲ့လူက ထိုင်းဘတ်ငွေ ၅၀၀ ပေးပြီး သွားယူခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့တယ်။ အဲဒီ ဝင်းမျိုး နေအိမ်ကို သွားရှာတဲ့အချိန်မှာ သေနတ်နဲ့ ကျည် ၇တောင့်ပါ ဖမ်းမိခဲ့တာ” လို့ မဲဆောက်ရဲစခန်းနဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပြပါတယ်။

สถานีตำรวจภูธรแม่สอด จังหวัดตาก

လက်နက်စုဆောင်းသူ ဝင်းမျိုးဆိုသူဟာ မြန်မာအချင်းချင်း ကလဲ့စားချေဖို့ ရှိတဲ့အတွက် အခုလို ပြင်ဆင်နေတာဖြစ်ကြောင်း ထွက်ဆိုချက်တွေအရ သိရတယ်လို့ ရဲစခန်းနဲ့ နီးစပ်တဲ့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာလအစောပိုင်းက မြန်မာအဖွဲ့တစ်ဖွဲ့ဟာ ဝင်းမျိုးရဲ့ နေအိမ်ကိုလာရောက်ပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် လက်တုန့်ပြန်ဖို့ ပြင်ဆင်တာဖြစ်ကြောင်း ဝင်းမျိုးက ထွက်ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံသား ၂ယောက်ဖြစ်တဲ့ အောင်မင်းနဲ့ ဝင်းမျိုးတို့ကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု သယ်ယူမှုတွေနဲ့ အရေးယူဖို့ရှိတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။