မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေနဲ့ ကမ္မလမ်းကြောကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့် သေဆုံးကာ ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပကဖအမှတ်(၁) တပ်ရင်း ၊  မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ကမ္မတပ်ပါပေါင်းစုနဲ့ ဧရာဒေါင်းတပ်ဖွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်ထုတ်ကုန်များနဲ့ ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဇီးဖြူကုန်းကျေးရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ပျူခေါင်း‌ဆောင် ဝင်းဇော်အောင်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်း‌ဆောင်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်ဆက် ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ပျူခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

သေ့ဘောဘိုးစစ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကို KNU ပူးပေါင်းတပ် ရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အနီးရှိ သေ့ဘောဘိုစစ်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။