စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့ထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာကား ၆ စီးပါယာဥ်တန်းက ၄ စီးမြောက်လိုက်ပါလာတဲ့ ကားကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း ၄ လုံး၂ ပွိုင့်နဲ့ မိမိရရ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကား ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကားတန်းတွေကို ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံကြိုက်ရင် ရောက်တဲ့နေရာက ရပ်တန့်ပေးဖို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ ပျူရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စု အသင့်စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ယောက်သေ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေ စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P-P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်၊ စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”