မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ကမ္မမြို့နယ်၊ ကမ္မ နဲ့ မြစ်ခြေလမ်းကြော တစ်နေရာမှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ရှေ့ပြေးပွိုင့်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်လည်း (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

“ဒီကောင်တွေ ချောင်းဂွကျေးရွာကို မီးရှို့ပြီး ထွက်အလာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ချောင်းဂွရွာက အရင် ၂ ကြိမ်လည်း မီးရှို့ခံထားရတယ်။ အိမ်ခြေ ၃၀လောက်ကုန်ထားပြီးပြီ။ အခုတစ်ကြိမ် ထပ်ရှို့ခံရတော့ အိမ်၅လုံး ပါသွားပါတယ်။ ဒီကောင်တွေနဲ့ ကျနော်တို့ ယာတစ်ခင်းအကွာအဝေးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ” လို့ ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုကို ပကဖ တပ်ရင်း၁ နဲ့အတူ ကမ္မတပ်ပေါင်းစု ၊ မြိုင်ပကဖ၊ ပေါက်ပကဖ နဲ့ ဧရာဒေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့စစ်ကောင်စီတပ်က ပခုက္ကူမြို့နယ်ထဲက ချိုင်ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၃၀ရက်နဲ့ ၃၁ရက်နေ့တွေထဲ အကြမ်းဖက်စစ်ကောင်စီက ပခုက္ကူနဲ့ ကမ္မအစပ်မှာ စစ်ကြောင်းဝင်ရောက်ပြီး ကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ရင်း အရပ်သားတွေကို လူသားဒိုင်းလုပ် ပစ်ခတ်ဖမ်းဆီးနေသလို  လက်ရှိမှာလည်းမြစ်ခြေမြို့နယ်အထိ စစ်ကြောင်းရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ကမ္မမြို့နယ်အတွင်းက ချောင်းဂွနဲ့ ချိုင်ရွာတို့အပြင် မြစ်ခြေမြို့နယ်က စဘေရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

မလှိုင်မြို့ပေါ်မှာ မူးယစ်သောက်စားနေသည့် စစ်ကောင်စီတပ်သားကို ပကဖ ရဲမေများ ဦးဆောင်မှုနှင့်အတူ လက်နက်နှင့်တကွ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည့် ချောင်းမကျေးရွာတိုက်ပွဲတွင် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့…

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ သင်တန်းနည်းပြဆရာတွေ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။