မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်အနီးမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို ဒီဇင်ဘာ ၃၀ ရက် မနေ့က လက်နက်မပါဘဲ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သား ၃ ယောက်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေကိုပါ ဖြည့်ဆည်းပေးထားတဲ့အပြင် လိုအပ်တဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုတွေလည်း ပေးထားတယ်လို့ သိရပါတယ်။

ယောဒေသအတွင်း စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဗျုဟာ ၈၁ ယောဗျူဟာဆီ ဆက်သွယ်နိုင်သလို လက်နက် အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာရင် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးမယ်လို့ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ယောက် ပျောက်ဆုံးကာ (၂၂၅) ယောက် ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ယောက် ရှိပြီး စစ်သုံ့ပန်း (၁၀၂) ယောက် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅) ရက်က စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။