မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ ပိုက်ဆံကို မိတ္ထူဆွဲသုံးခိုင်းတဲ့ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် နပ်မှန်အောင်မတိုက်နိုင်တော့ဘဲ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ၂၆ရက်နေ့လောက်ကစလို့ ကန်နီရွာ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းဆိုသူဟာ ရွာအတွင်း ရိက္ခာဖြတ်တောက်ထားပြီး လက်နက်ကိုင်ပျူစောထီး လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် အချိုးအစားနဲ့မဝေငှတော့ဘူးလို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

“လက်နက်ကိုင်တွေကို အရင် ဆန်ပြုတ် တစ်ယောက်ကို သုံးမှုတ်ပေးတယ်။ အခု ပြီးခဲ့တဲ့ ရက်တွေလောက်ကတည်းက မဝေတော့ဘူးလို့ပြောပါတယ်။ ရိက္ခာဖြတ်ထားတော့ ငတ်နေကြပြီပေါ့။ ကျော်ဆန်းဝင်းရယ် သူ့မိသားစုနဲ့ တာဝန်ခံဗိုလ်ကြီးဆိုလား အောင်ရဲကျော်တို့ပဲ ဝဝလင်လင် စားရတယ်။ ဒီကြားထဲ လက်အောက်ငယ်သားတွေကို တစ်နာရီ တစ်ခါ ရွာထဲကနေ ရွာပြင် ကင်းပတ်ခိုင်းပါသေးတယ်” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကန်နီရွာ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း

ကန်နီရွာ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ရွာခံတွေရဲ့ ငွေစက္ကူတွေကို ဟောင်းနွမ်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းကာ ငွေစက္ကူနေရာမှာ မိတ္ထူစက္ကူကို သူ့နာမည်နဲ့ ရာထူးတံဆိပ်တုံးထုကာ သုံးစွဲစေခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

“ရွာခံတွေရဲ့ငွေကို သူကယူချင်တော့ KPay တို့ဘာတို့က လွှဲတဲ့ပိုက်ဆံတွေကို အဲ့မိတ္ထူတွေနဲ့ပဲ ထုတ်ပေးတယ်” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

မြိုင်မြို့နယ်အရှေ့မြောက်ဘက်၊ မြို့နဲ့ ၇မိုင်အကွာလောက်မှာရှိတဲ့ ကန်နီပျူစောထီးရွာဟာ စစ်ကောင်စီ အာဏာမသိမ်းခင်အချိန်ကတည်းက ကြံ့ခိုင်ရေးပါတီ အားကောင်းခဲ့တဲ့ရွာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်အုပ်စုအလိုကျ လက်နက်ကိုင်ပြီး အနီးအနားကျေးရွာတွေကို ဖိနှိပ်နေခဲ့တာလို့ သိရပါတယ်။

ပိုက်ဆံနေရာမှာ အစားထိုးသုံးခိုင်းသည့် စက္ကူ

တော်လှန်ရေးတပ်တွေ အင်အားကောင်းလာပြီးတဲ့နောက် ၁နှစ်ကျော်အချိန်အတွင်း ကန်နီရွာအပါအဝင် မြိုင်မြို့နယ်ထဲက ပျူစောထီးရွာတွေကို ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တော​က်ထားနိုင်တာကြောင့် စစ်အုပ်စုတွေအဖို့ လေကြောင်းကနေပဲ ရိက္ခာမျှော်စရာရှိတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပိတ်ဆို့မှုတွေအပြင် စစ်ကောင်စီရဲ့စားနပ်ရိက္ခာထောက်ပံ့မှု အားနည်းတာကြောင့်လည်း ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ရင်း တော်လှန်ရေးအဖွဲ့တွေဆီ ထွက်ပြေးခိုလှုံလာတဲ့ အရပ်သားမိသားစုဝင်တွေနဲ့ လက်နက်ကိုင်ပျူစောထီးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“လေးလအတွင်းအဲ့ရွာကထွက်ပြေးလာတဲ့ ပြည်သူစုစုပေါင်း အယောက်၂၀၀ ကျော်မှာ လက်နက်ကိုင်က ၁၀ယောက်လောက်ပါမယ်” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က ပြောပါတယ်။

လက်ရှိမှာ မြိုင်မြို့နယ်အတွင်းက ဝက်ပုတ်နဲ့ သရက်ကွ ပျူစောထီးရွာတွေကို တော်လှန်ရေး အင်အားစုတွေက အခုနှစ် ၈လပိုင်းနဲ့ ၁၂လပိုင်းမှာ သိမ်းပိုက်ရရှိထားပြီး ကန်နီ၊ သရက်ကန်နဲ့ တွင်းမရွာတွေပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

“ကန်နီရွာက ၂၀၂၀ ရွေးကောက်ပွဲမှာ မြိုင်တစ်နယ်လုံးမှာ ကြံ့ဖွတ်မဲနိုင်တဲ့ ရွာပေါ့။ ရိက္ခာပြတ်တယ်ဆိုတဲ့နေရာမှာလည်း သိမ်းခဲ့တဲ့ ဝက်ပုတ်တို့သရက်ကွတို့မှာတော့ သူတို့ညည်းပြသလောက်တော့ သိပ်မဟုတ်ဘူးပေါ့နော်။ ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်တွေက သူ့လူနဲ့သူ ညီမျှတယ်။ ဒါပေမယ့် လက်နက်ကိုက်ပျူစောထီးတွေ​လောက်ပဲစားရပြီး သာမန်အရပ်သားပြည်သူတွေကိုတော့ ကိုယ့်ဟာကိုယ် ရှာစားခိုင်းထားတဲ့ သဘောပါ” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

NUG အားနည်းချက်များရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံပြောကြား.. တိုင်းရင်းသား အင်အားစုကြီးများ အစိုးရအဖွဲ့ထဲ ပါလာရန် ကြိုးပမ်းသော်လည်း အကန့်အသတ်များ ရှိနေဟု ဆို..

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

မိုင်းဆွဲခံရကာ အထိနာထားသည့် စစ်တပ် ကျောက်ဆောက်ရွာကို ဝင်ရောက်မီးရှို့၊ အမျိုးသမီး ၁ ဦး မီးလောင်ကျွမ်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာသွားတဲ့ စစ်ကောင်စီက ကျောက်ဆောက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အမျိုးသမီး၁ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း M.V.P Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

မြို့တော်ခန်းမရှေ့တွင် “Reject the Illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ 'Reject the Illegal election' စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။
Read More

မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ရဲတချို့ ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်လာ ၂၈ ရက် မနေ့ညက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲ ၃ယောက်နဲ့ ရဲမိသားစုဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။