ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF – Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူ့နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖျက်စီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကိုပါ CDF-Mindat က ထုတ်ပြန်ထားတာပါ။
နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၁၅၀ ထက်မနည်းနဲ့ ဟောင်ဝစ်ဇာအမြောက်တွေအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့၊ မုံရွာခရိုင်အမှတ် ၃ တပ်ရင်း၊ Yaw Defence Force – YDF ၊ Yaw Army (YA) တို့ အတူတိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ကူ၊ လက်နက်ခဲယမ်းပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့အတူ စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်ခဲ့နိုင်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

စလင်းမှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ လာပြင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၈ ယောက် သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။