ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
“ညီအကို ၂ ယောက်ပဲ ရှိတာ၊ အကိုဖြစ်သူက ဘုန်းကြီးဝတ်နဲ့ ညီဖြစ်သူ စစ်မှုထမ်းစာရင်းထဲ ပါလို့ဆိုပြီး သင်္ကန်းချွတ် လူဝတ်လဲကာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွား​တာပါ၊ ဘုန်းကြီးဝတ်နေတဲ့အစ်ကိုက သင်္ကန်းဝတ်နဲ့ဆိုတော့ စစ်မှုထမ်းမပါလောက်ဘူးထင်ပြီး အိမ်ကိုပြန်လာနေတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်ပါဝင်တဲ့ အပေါင်းအပါတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ၊ အရပ်ဝတ်နဲ့ရဲတွေလည်း ပါလာတာ” လို့ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ နွယ်နီလမ်းထဲမှာ နေထိုင်တဲ့အမျိုးသမီးတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မိဘတွေကတော့ ငိုယိုပြီးကျန်နေခဲ့တယ်၊ အစ်ကိုဖြစ်သူက ဘုန်းကြီးဝတ်နေတာ ၁နှစ်လောက်ရှိပြီ၊ စစ်မှုထမ်းပါတဲ့ညီ မရှိလို့ အိမ်ကို ခဏပြန်လာကြည့်တဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ၊ အရပ်ဝတ်နဲ့ ရဲတွေက လာဖမ်းဆီးသွားတာ” လို့လည်း အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ပတ်သတ်လို့ တောင်ဒဂုံမြို့နယ်မှာ ရပ်ကွက်အတွင်း နေထိုင်သူတွေကိုသာ မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်သင့်ရာ စာရင်းပြုစု ထည့်ပေးနေတာဖြစ်ပြီး ညအချိန် လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ထိုင်တတ်တဲ့ လူငယ်တွေကိုပါ ပေါ်တာဆွဲဖမ်းဆီးတာလုပ်နေတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ပုံစာ (၁)- တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင် (မောင်း Telegram တွင်ကြည့်နိုင်)
ပုံစာ (၂) ရန်ကုန်မှာ ညဘက် ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) ကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်က ပို့ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ် ၅၀ ရာခိုင်နှုန်း ပျက်စီးဟု ဆို

စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။