မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း – ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသင်တန်းကို ၄၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး ပကဖ တာဝန်ခံနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကာ စစ်သင်တန်းဆင်းရဲဘော်တွေကို အားပေးချီးမြှောက်ခဲ့တယ်လို့ သိရပါတယ်။
စလင်းစိုးမိုးနယ်မြေအတွင်း အခက်အခဲများစွာနဲ့ စစ်သင်တန်းသင်ယူတက်မြောက်ခဲ့တဲ့ ရဲဘော်တွေကို အထူးလေးစား ဂုဏ်ယူသလို ရည်ရွယ်ချက်ကောင်းများစွာနဲ့ စုဖွဲ့ထားတဲ့ အင်အားစုတစ်ရပ်ကနေ စစ်ရေး/နိုင်ငံရေး ပြည့်ဝတဲ့ တပ်ဖွဲ့တပ်စုအဖြစ် ပြည့်ဝအောင် ကြိုးစားမှုအပေါ် အသိအမှတ်ပြုတယ်လို့ စလင်းပကဖ တာဝန်ရှိသူတွေက ဆိုပါတယ်။
သင်တန်းဆင်းရဲဘော်တွေအနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာ နားလည်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာကျင့်သုံးဖို့ စလင်း ပကဖ တာဝန်ရှိသူတွေက အထူးသတိပေးမှာကြားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၂) စစ်ဆင်ရေးနယ်မြေအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၈ဦးထက်မနည်းသေ၊ RPG နှင့် လက်နက်ခဲယမ်းအချို့ တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆီးကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ယောက်ထက်မနည်း သေဆုံးပြီး RPG နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြသည့် ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်များ အပါ ပြည်သူ ၁၉ ဦး သေဆုံး၊ ၄၀ ဦး ပြင်းထန်ဒဏ်ရာရဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။