အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်း၊ နတခ တိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိလာတာပါ။
ဒု-စစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ကြား ထိတွေ့တိုက်ပွဲတွေ ဧရာဝတီတိုင်းအတွင်း အချိန်မရွေးဝင်ရောက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ နတခ တိုင်းမှူးအသစ်ကို မှာကြားခဲ့သလို၊ ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
“မနေ့က ပုသိမ်မြို့ထဲမှာ လုံခြုံရေးတွေ တင်းကြပ်ထားတာရှိတယ်၊ တိုင်းစစ်ဌာနချုပ်က လမ်းပေါ်တွေမှာလည်း လုံခြုံရေးတွေ တိုးချဲ့ထားတာရှိခဲ့သလို ပုသိမ်မြို့ မြတ်သိုရပ်ကွက်လမ်းဆုံမှာ ယာဥ်ထိန်းရဲနဲ့ စစ်သားအချို့ လုံခြုံရေးယူပေးနေတာ တွေ့ရတယ်” လို့ ပုသိမ်မြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံတာ၊ ထွက်ပြေးတာတွေ များလာနေတာကြောင့် ဧရာဝတီတိုင်းကို လာရောက်ကြည့်ရှုစစ်ဆေးတာ လို့လည်း နတခတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူ နောက်တစ်ယောက်က ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတက်ရောက်နေရသူတွေကိုလည်း ဒု-စစ်ခေါင်းဆောင်စိုးဝင်းနဲ့အတူ နတခ တိုင်းမှူးအသစ်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ၄င်းကဆက်ပြောပါတယ်။
ပုံစာ – စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်နေရတဲ့ သင်တန်းသားတွေနဲ့ သွားရောက်တွေဆုံခဲ့တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း
0 Shares:
You May Also Like
Read More

လန်ဒန်ရောက်မြန်မာတွေ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement တိုက်တွန်း

အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လန်ဒန်ရောက်မြန်မာတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ Myanmar Unity Movement (MUM) က တိုက်တွန်းလိုက်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ‘လွတ်လပ်ခွင့်’ အတွက် ဘယ်တော့မှ နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒပြနေရမှာဖြစ်တဲ့အတွက် လန်ဒန်ရောက်မြန်မာတွေ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement (MUM) က အခုလို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။
Read More

Y.R.F ပကဖ ဆီ အလင်းဝင်လာတဲ့ ရဲ ၂ ယောက်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ပြောဆို…

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ယောက်က လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာပြီး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးနှင့် ဝမ်းတွင်းတွင် စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးမှုများ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

သရက်ချောင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ နေအိမ်များကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို သယ်ဆောင်သွား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိတ္ထီလာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။