မကွေးတိုင်း၊ ယောဒေသမှာ ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေအပြီး စိမ့်ဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလု​ပ်ဆောင်လာကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဖမ်းခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက ဆောနဲ့ ကျောက်ထုအမြောက်တပ်တွေထဲ ဝင်ရောက်လာတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) က ထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာအမှတ်-၈၁ ယောဗျူဟာ က ဒီဇင်ဘာလ ၂၇ ရက် မနေ့က သတင်းထုတ်ပြန်ထားပါသေးတယ်။
ချင်းပြည်၊ ကန်ပက်လက်မြို့က ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နီးပါးဟာ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဦးဖိုးလှိုင်ခန်းမဆီ ဒီဇင်ဘာ ၂၅ ရက်မှာ ရောက်ရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။
“ကန်ပက်လက်နဲ့ မင်းတပ်က လာတဲ့စခတွေကို တော်လှန်ရေးအင်အားစုတွေ ဖမ်းမိတာလည်းရှိတယ်ဆိုပေမယ့် ကျောက်ထုတပ်ထဲ ဝင်နေတာတွေလည်း ရှိပါသေးတယ်။ မင်းတပ်က ထွက်ပြေးလာတဲ့ စခ ၇ ကောင် ကျောက်ထုတပ်ထဲ ဝင်သွားတာတော့ အတည်ပြုလို့ရပါတယ်။” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကိုပြောပါတယ်။
ချင်းပြည်တောင်ပိုင်းစစ်ဆင်ရေးတွေပြင်းထန်နေချိန်ကတည်းက နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာလည်း လက်နက်ကြီးပစ်ခတ်တာတွေစိပ်လာသလို ကျောက်ထု၊ အမတ-၃၆၈ အမြောက်တပ်နဲ့ ထီးလင်းတပ်တွေဆီ Mi35 ၊ Mi17 ၊ Y-8 လေယာဥ်တွေနဲ လက်နက်ရိက္ခာ အင်အားဖြည့်တင်းပေးတာတွေလည်း ရှိနေပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ညပိုင်းကလည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ ပစ်ခတ်လိုက်တဲ့ ၁၂၀ မမလက်နက်ကြီး ၁ လုံးထိမှန်ခဲ့လို့ ရှုံးရှီရွာနေ အမျိုးသားမြေးအဘိုး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၇ ရက်ကလည်း ဂန့်​ဂေါမြို့ ခလရ ၅၀ တပ်ထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ မြစ်သာမြစ်အ​နောက်ဘက်ကမ်း၊ ဇယောရွာက နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ယောက်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
“ကျောက်ထုနဲ့ ဂန်ဂေါက လက်နက်ကြီးထုတာ စိပ်လာတယ်။ ကျန်တဲ့နေရာတွေကတော့ ပုံမှန်ပေါ့နော်။ လက်နက်ကြီးက ညဘက်တွေပါ ထုတာ။ အခုနောက်ပိုင်း ဒရုန်းတွေလည်း သုံးလာတယ်။ လေကြောင်း အဓိကထားသုံးလာတာပေါ့။ အခု မင်းတပ်နဲ့ ကန်ပက်လက်က စခတွေ ဒီယောနယ်ဘက်ထွက်လာတာရှိတော့ တော်လှန်ရေး အင်အားစုတွေအနားကပ်မရအောင် အခုလိုလက်နက်ကြီးထုနေတာလို့ ပြောရမယ်။” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနေ့ကလည်း ကျောက်ထုအမြောက်တပ် အမတ-၃၆၈ ထဲ စစ်ကောင်စီက Mi17 ထောက်ပို့ရဟတ်ယာဥ်တွေနဲ့ တပ်သား ၁၀၀ နီးပါးနဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးခဲ့ပြီး တပ်ထဲရှိနေတဲ့ မိသားစုဝင်တွေကိုလည်း ဆိပ်ဖြူ ကပစ ၂၁ ကို ပို့ဆောင်လိုက်ကြောင်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ပုံစာ – စစ်ကောင်စီ ရဟတ်ယာဥ်တစ်စီး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရသူတွေကို CDF – Mindat ရဲ့ စစ်ဦးစီးချုပ် လိုက်လံကြည့်ရှုအားပေးခဲ့…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF - Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တည်ထောင်ခြင်း ၃၆ နှစ်ပြည့်ကို CRPH က သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။