ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက် မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ‌(၂) ယောက် နေရာမှာပဲ သေဆုံးခဲ့ပြီး အသက်(၆)နှစ်အရွယ် ကလေးငယ် ၁ ယောက် ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၇)ရက် ဒီနေ့မှာလည်း အကြမ်းဖက်‌စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခဲ့သလို သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာတွေက အရပ်သားပြည်သူတွေနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို မကြာခဏ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်တတ်သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၂)ရက်ကလည်း စစ်ကောင်စီရဲ့ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် (၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

လှိုင်သာယာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ကြီး အပစ်ခံရမှုကြောင့် စစ်တပ်က ပိတ်ဆို့စစ်ဆေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ အမှတ် ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။