မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီဟာ စစ်မျက်နှာစုံ ရှုံးနိမ့်မှုတွေနဲ့အတူ တိုင်းနဲ့ပြည်နယ်အနှံ့မှာ ကိုယ်လွတ်ရုန်းထွက်ပြေးသူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တပ်ရင်းတွေဆီ လက်နက်နဲ့တကွ အလင်းဝင်ရောက်မှုတွေ ပိုမိုများပြားလာနေပါတယ်။

မလှိုင်မြို့နယ်မှာလည်း တာဝန်ကျ ရဲဝန်ထမ်းတချို့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်တပ်က လိုက်လံရှာဖွေနေသလို ပြည်သူလူထုဆီ အလင်းဝင်ရောက်လာမယ်ဆိုရင်လည်း လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့မလှိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားပါတယ်။

“အတွင်းသတင်းအရ သိရသလောက်ဆို အကြမ်းဖက်စစ်တပ်က နေရာတိုင်းမှာ စစ်ရှုံးပြီး အင်အားနည်း‌နေတဲ့အတွက် ရဲအားလုံးလိုလိုက သူတို့ကို ရှေ့တန်းပို့မှာ ကြောက်နေကြတာပေါ့။ ဒီတော့အခွင့်သာရင်‌ ပြေးဖို့စဉ်းစားကြတယ်။ အခုထွက်ပြေးတာကလည်း အတိအကျ သိရသလောက်ဆို ၂ယောက်ပါ။ လိုက်ရှာနေကြပေမယ့် ဒီနေ့အထိတော့ မတွေ့ကြသေးဘူး။ အဲ့ဒါကြောင့် အခုပြေးတဲ့ရဲတွေနဲ့ နောက်ထပ် ထွက်ပြေးချင်တဲ့ ရဲတွေအနေနဲ့ ဒီအတိုင်းထွက်ပြေးတာနဲ့စာရင် အန္တရာယ်ပိုကင်းအောင် ကျနော်တို့ဘက်က ကူညီနိုင်တာမို့လို့ ဆက်သွယ်ချင်ရင် ဆက်သွယ်လို့ရအောင် ကြေညာချက်ထုတ်လိုက်တာပါ။” လို့ Guardians Of Mahlaing တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း ဗိုလ်မှူးကြီးအဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ယောက်အထိ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်သားလိုအပ်ချက်မြင့်မားနေတဲ့ စစ်ကောင်စီက မလှိုင်မြို့နယ်အတွင်း ညအိပ်ချိန် အိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီးနေသလို စက်ရုံ၊ အလုပ်ရုံက ပြန်လာတဲ့လူငယ်တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

မြဝတီအနီးရှိ စစ်ကောင်စီ၏ ဝေါလေ နှင့် ဥကရစ်ထစခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၊ ဝေါလေစခန်းမှာ ယမန်နေ့က တော်လှန်ရေးတပ်များ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြ၀တီမြို့အနီးရှိ စစ်ကောင်စီရဲ့ ဝေါလေနဲ့ ဥကရစ်ထ တပ်စခန်းတွေ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်းပိတ်ဆို့ကာ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။