ချင်းပြည်နယ်က မတူပီ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေနဲ့အတူ ယောတပ်တော်က မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ယောဒေသက တော်လှန်ရေးတပ်တွေဟာ ချင်းညီနောင်နဲ့အတူ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပူးပေါင်းပါဝင်ခဲ့တဲ့ စစ်ရေးအင်အားကိုတော့ အတိအကျ ထုတ်ပြန်လာခြင်းမရှိဘဲ ရှေ့ဆက်ပြီး ချင်းညီနောင်ရဲ့ စစ်ဆင်ရေးတွေမှာ မဟာမိတ်အဖြစ် ဆက်လက်ပါဝင်အားဖြည့်သွားမယ်လို့ သိရပါတယ်။

ပထဝီ အနေအထားအရ အိမ်နီးချင်း ချင်းပြည်နယ် လွတ်မြောက်မှုဟာ ယောဒေသ ပြည်သူတွေရဲ့ လုံခြုံမှုဖြစ်ပြီး ယော‌ဒေသ လွတ်မြောက်မှုကလည်း နီးကပ်တဲ့ အိမ်နီးချင်း မဟာမိတ်တွေရဲ့ လုံခြုံမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ယောတပ်တော်အနေနဲ့ ချင်းညီနောင်စစ်ဆင်‌ရေး အဖြစ် မတူပီ၊ မင်းတပ် လွတ်မြောက်ရေးကနေ ယောဒေသလွတ်မြောက်ရေး အပြင် အဖိနှိပ်ခံ လူထုတစ်ရပ်လုံး လွတ်မြောက်ရေး၊ လုံခြုံရေးအတွက် မဟာမိတ်တွေနဲ့ ဟန်ချက်ညီညီ စစ်ရေးအရှိန် တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစ​ကြိုလမ်းပိုင်းမှာ စစ်ကောင်စီနောက်ချန်တပ်တွေနဲ့ ပကဖ တပ်ဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံး…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ချုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ယောက်ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ပျက်စီး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။