ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force – CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မင်းတပ်မြို့စောင့်တပ် ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပေမယ့် လက်နက်ခဲယမ်းအရေအတွက်ကိုတော့ CDF မင်းတပ်က အတိအကျ မထုတ်ပြန်သေးပါဘူး။

နိုဝင်ဘာလ ၉ ရက်ကစလို့ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးအတွင်း မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာတော့ ချင်းတော်လှန်ရေးတပ်တွေဟာ မြို့ပေါ်က စစ်ကောင်စီရဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီနောက် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်မှာ ရဲတပ်ဖွဲ့ဝင်းကနေ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၂၃ ယောက်က မိသားစုဝင်တွေနဲ့အတူ လက်နက်ချ အညံ့ခံလာတယ်လို့ ဆိုပါတယ်။

ခလရ ၂၇၄ တပ်ရင်းကိုတော့ ဒီဇင်ဘာလ ၂၁ ရက်မှာ အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းတော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

CDF မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၂ ရက်ကလည်း ကန်ပက်လက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အရာရှိများ ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုရှိလာမှုများနှင့်အတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမှာ စစ်ရေးအသာစီး ရလာပြီဖြစ်သည့် အာရက္ခတပ်တော် AA

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ဗုံးသီးအချို့ မပေါက်ကွဲဘဲ ကျန်နေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အအဦးတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ် အရှေ့ခြမ်းက မကျီးပင်ရွာနဲ့ အောင်သုခရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။