ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

၂၀၂၄ နှစ်စပိုင်းကာလတုန်းက နယ်မြေနဲ့အခြားသော ကိစ္စရပ်တွေမှာ သဘောထားတင်းမာပြီး အချင်းချင်း တိုက်ပွဲတွေ  ဖြစ်ပွားခဲ့တဲ့ ချင်းပြည်ကောင်စီက ချင်းညီနောင်တပ်ဖွဲ့ကို အခုလိုသတင်းစကားပေး ထုတ်ဖော်ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

ချင်းပြည်တောင်ပိုင်းက မြို့အချို့ကို Operation CB အဖြစ်သတ်မှတ်ပြီး ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ချင်းပြည်ကောင်စီက ဂုဏ်ပြုစကားပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။

ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြတဲ့  သူရဲကောင်းစစ်သည်များ၊ အသက်သွေးပေးဆက်ခဲ့သူများအား ဦးညွတ်အလေးပြုတယ်လို့လည်း တစ်ဆက်တည်းဖော်ပြထားပါသေးတယ်။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်တဲ့  ချင်းညီနောင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ချင်းတိုင်းရင်းသားအချင်းချင်းအကြား ဖြစ်ပေါ်နေတဲ့ ကွဲလွဲမှုများဟာ စစ်အာဏာရှင် ဖြုတ်ချရေးထက် အရေးမကြီးဘူးလို့ ဆိုထားပါတယ်။

ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်

ဒါ့ကြောင့်  ချင်းတပ်ဖွဲ့အချင်းချင်း ပူးပေါင်းမှ လွတ်မြောက်မည်ဖြစ်လို့ လက်တွေ့ကျစွာ ပူးပေါင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပြီး ညှိနှိုင်းရေးအဖွဲ့လည်း ဖွဲ့စည်းထားကြောင်း ချင်းညီနောင်ကလည်း ၎င်းတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားထားပါတယ်။ 

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား ဖြစ်ပေါ်ခဲ့တဲ့  စစ်ရေးပဋိပက္ခတွေ ပြေလည်နိုင်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက တွေ့ဆုံညှိုနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ချင်းပြည်ကောင်စီလည်းဖြစ် ချင်းအမျိုးသားတပ်ဦး (CNA/ CNF) ဟာ ချင်းတောင်တန်းများပေါ်မှ သက်တမ်းရင့်တော်လှန်ရေးတပ်ဖြစ်ပြီး ၁၉၈၈မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 CNFဟာ   တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် NCA ကို ၂၀၁၅ တွင်လက်မှတ်ထိုးခဲ့ပြီး  ၂၀၂၁  ခုနှစ်တွင် စစ်တပ်က တကျော့ပြန်အာဏာသိမ်းချိန်မှာ  စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

 အခုရက်ပိုင်းအတွင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်ခဲ့တဲ့ ချင်းညီနောင် CB အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ မျိုးဆက်သစ် ချင်းတော်လှန်ရေးတပ်ပေါင်းစုပဲဖြစ်ပါတယ်။

၂၀၂၃ ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့တဲ့ ချင်းညီနောင်မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာ တိုက်ပွဲဝင်နေသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့ ၅ ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များကို ရန်ကုန်တိုင်း ပကဖ တာဝန်ခှံင့် ဒုတာဝန်ခံတို့ တွေ့ဆုံခဲ့…

တောင်ပိုင်းစစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာရှိနေတဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ)ရဲဘော်မင်းရန်နိုင်တို့ တွေ့ဆုံပြီး ပကဖ လုပ်ငန်းစဥ်တွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကင်မွန်းတော်ကျေးရွာ ပျူစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၂၀ ကျော် သေ၊ တော်လှန်ရဲဘော် ၄ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်ပါတယ်။