ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ 

”မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေမှာ ကြမ်းနိုင်ကြပါစေ။ ကြမ်းပြီးရင် ဒီလိုလေး ကကြဖို့ challenge ခေါ်ပါတယ်ဗျ”လို့ ဒေါက်တာအငြိမ်းက Facebook လူမှုကွန်ရက်မှာ တော်လှန်ရေးရဲဘော်တွေအတွက် challenge ခေါ် မျှဝေထားပါတယ်။ 

Video – Aye Nyein Thu

0 Shares:
You May Also Like
Read More

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တိုက်ခိုက်ခံရပြီးနောက် ကျောင်းဝင်းတစ်ခုလုံး လော့ဒေါင်းချကာ သတင်းပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ထား (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို ဧပြီ ၁၈ ရက် မနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။