ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဗောတိကုန်းကျေးရွာက လူငယ် ၁ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိခင်ဖြစ်သူက သူ့သားရဲ့သတင်းကို ကြားကြားချင်း ထွေအုပ်ရုံးမှာ ပြန်လွှတ်ပေးဖို့ လိုက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် မိုးညို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူနဲ့ စစ်ဗိုလ်ဆိုသူတို့က သားဖြစ်သူကို ပြန်မလွှတ်ပေးတဲ့ အပြင် တွေ့ခွင့်တောင် မပေးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အမေက သားကိုတွေ့ခွင့်တောင်းတာ သူတို့က ညတွင်းချင်း ရှေ့တန်းပို့လိုက်ပြီ ပြောလွှတ်တာ… တကယ်က မပို့ရသေးဘူး။ တွေ့ခွင့်မပေးတာ။ အဲ့ဒါနဲ့ အမေဖြစ်သူလည်း အဲ့နေရာမှာတင် ဆုံးတာပဲ။ သူက နှလုံးရောဂါအခံရှိတယ်” လို့ အမည်မဖော်လိုတဲ့ မိုးညိုမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက်မှာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ မိခင်ဖြစ်သူရဲ့ နာရေးကို စစ်ကောင်စီတပ်သားတွေက အစောင့်အရှောက်အဖြစ် ပါလာပြီး သားဖြစ်သူကို လက်ထိပ်တန်းလန်းနဲ့သာ တက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“လက်ထိပ်တန်းလန်းနဲ့ လာရတာ သားဖြစ်သူက။ နာရေးတက်တဲ့ သူတွေ အကုန်မြင်တယ်။ မိုးညိုမှာလည်း  ဒီသတင်းက ဟိုးလေးတကျော်ပဲ။ အခုက ပိုက်ဆံပေးလည်း မလွတ်တော့ဘူးလေ.. ပေါ်တာဆွဲတာက” လို့ သူက ဆက်ပြောပါတယ်။

အလားတူ မင်းလှမြို့မှာလည်း အခု ဒီဇင်ဘာလကုန်ကနေ စတင်ပြီး စစ်မှုထမ်းအတွက် ငွေကြေးထောက်ပံ့မှုတွေကို မကောက်ခံတော့ဘဲ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကိုသာ လုပ်ဆောင်တော့မယ်လို့ ကြားသိရကြောင်းကို ဒေသခံတွေက ဆိုပါတယ်။

“စစ်မှုထမ်းကြေး ကောက်ခံခိုင်းလို့ အုပ်ကြီးတွေ အသတ်ခံရတာဆိုပြီး အုပ်ကြီးတွေက တင်ပြတာကြောင့် စခတွေက  အသက်၁၄နှစ်ကနေ ၆၀အတွင်း အမျိုးသားတွေကိုသာမက အသက်၁၈ ကနေ ၃၂နှစ်အတွင်း အမျိုးသမီးတွေကိုလည်း ပေါ်တာဆွဲသွားမယ်လို့ သိရတယ်။ အမျိုးသမီးတွေ ပေါ်တာဆွဲခံရရင် ဆေးစစ်ချက်ယူမယ်… ဆေးမအောင်ရင် မိသားစုဝင် အမျိုးသားတစ်ဦးက စစ်မှုထမ်းပေးရမယ်” လို့ မင်းလှမြို့ခံတစ်ယောက်ကလည်း မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူလေတပ် တိုက်ခိုက်မှုအတွင်း လေယာဥ်ခဲယမ်းနှင့် ဗုံးသီးဂိုဒေါင် ပေါက်ကွဲပြီး လုံခြုံရေး ၆ ဦး သေ၊ ပြင်းထန်သည့် ထပ်ဆင့်ပေါက်ကွဲမှုများပါ ဆက်ဖြစ်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ခဲယမ်းနဲ့ ဗုံးသီးဂိုဒေါင်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ကာ လုံခြုံရေးယူနေသူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ကြောင်း BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောတောင်မြို့ကို လက်လွှတ်ရသည့် စစ်တပ် ဆက်လက်လေကြောင်းတိုက်ခိုက်နေ၊ ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရဆဲ

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီက ပြည်တွင်းဘဏ် ၁၅ ခုကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ပေးမှုက ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်

SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။