မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ အနောက်တောင်ဘက် ၄ မိုင်အကွာမှာရှိတဲ့ သရက်ကွရွာကို တော်လှန်ရေးတပ်ပေါင်းစုတွေ အတူတကွ ပူးပေါင်းသိမ်းပိုက်လိုက်နိုင်ပြီဖြစ်​ကြောင်း ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ပခုက္ကူ၊ မြိုင်နဲ့ ပေါက်အခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေက သရက်ကွရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရင်း ပခုက္ကူ တပ်မ ၁၀၁ကနေ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ဖြတ်တောက်ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်မှာ ပြည်သူ့စစ် (ခေါ်) ပျူစောထီးအားကောင်းရာ ကျေးရွာ ၅ရွာရှိတဲ့အထဲက ဝက်ပုတ်ကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိထားပြီး ၄လအကြာမှာပဲ သရက်ကွရွာကို ဆက်လက်ထိုးစစ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ သရက်ကွ ပျူရွာသိမ်းပွဲမြင်ကွင်းများ
အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ သရက်ကွ ပျူရွာသိမ်းပွဲမြင်ကွင်းများ

နှစ်ဖက်ထိတွေ့မှုတွေထဲ စစ်ကောင်စီဘက်က ဗိုလ်၁ယောက် အပါအဝင်  ၁၄ ယောက်ထက်မနည်း သေပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေး အင်အားစုတွေက သရက်ကွရွာကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ စစ်အုပ်စုတချို့ဟာ မြိုင်မြို့၊ စက်မှု၂ မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ ထွက်ပြေးသွားကြပြီလို့လည်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

“ရွာတွင်း ချေမှုန်းရေးတင်မဟုတ်ဘဲ ဖြတ်တောက်ရေးကပါ ပြင်းထန်ခဲ့ပါတယ်။ စစ်ကူလာတဲ့ စခစစ်ကြောင်းနဲ့ ပိုပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်ပေါ့။ ပခုက္ကူတပ်မ ၁၀၁ စစ်ကြောင်းကို ဖြတ်တောက်နိုင်ခဲ့တာပါ။ ပခုက္ကူ၊ ရေလာလေးစခန်းသိမ်းခံရပြီးတည်းက ရွာစဥ်လှည့်မီးရှို့နေတဲ့စစ်ကြောင်းက အင်အား၂၀၀ လောက်နဲ့ စစ်ကူလာတာကို ကျနော်တို့ ဖြတ်တောက်ရေးတွေက နိုင်အောင်ဖြတ်နိုင်ခဲ့ပါတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “ဒီပွဲအောင်မြင်ဖို့အတွက် ကျနော်တို့ တော်လှန်ရေး  ပူးပေါင်းတပ်တွေက ချေမှုန်းရေး ၊ ဖြတ်တောက်ရေး ၊ ဒရုန်းစစ်ဆင်းရေး၊ ထောက်ပို့၊ သတင်းထောက်နဲ့ အလောင်းမီးရှို့တဲ့ တာဝန်အသီးသီးကို ကိုယ်နေရာနဲ့ကိုယ်ယူပြီး တစ်သွေးတစ်သံတစ်မိန့်နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ သရက်ကွ ပျူရွာသိမ်းပွဲမြင်ကွင်းများ
အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ သရက်ကွ ပျူရွာသိမ်းပွဲမြင်ကွင်းများ

ဒါ့အပြင် တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တက် Mi35 အပါဝင် တံတားဦးလေဆိပ်နဲ့ မကွေးလေဆိပ်တက် ဂျက်ဖိုက်တာတွေ အသုံးပြုကာ လေကြောင်းပစ်ကူ ၅ ကြိမ် လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

“သရက်ကွက စစ်သားနည်းတယ်။ ပျူစောထီးများတယ်။ ဘန်ကာတွေကောင်းတယ်ပေါ့။ အခုသိမ်းလိုက်နိုင်ပြီဆိုတော့ ကျန်တာက မြိုင်မှာ  ကန်နီ၊သရက်ကန်နဲ့ တွင်းမတို့ပဲရှိပါတော့တယ်” လို့ သူက ဆက်ပြောပါတယ်။

သရက်ကွ ပျူစောထီးရွာ သိမ်းပိုက်တိုက်ခိုက်မှုမှာ  ပခုက္ကူခရိုင် တပ်ရင်း (၆) နဲ့ ပခုက္ကူခရိုင် တပ်ရင်း (၇) တို့က ရဲဘော် ၁ယောက်စီ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၂ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

သရက်ကွ ပျူစောထီးရွာသိမ်းပွဲမှာ အညာမြေ‌တပ်ပေါင်းစုနဲ့အတူ မြိုင် (ပကဖ)၊ ပေါက် (ပကဖ)၊ (မြိုင် ပေါက် ကမ္မ) ပကဖတပ်ရင်း အမှတ် (၁ ၊ ၂)၊ ပခုက္ကူခရိုင်အမှတ်(၂ /၆/၇/၁၄/၁၀/၁၅/၁၇) တပ်ရင်းများ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ 8+ စုဖွဲ့မှု၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း၊ ဝံပု‌လွေပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓားမင်းကြီးတပ်ဖွဲ့ နဲ့ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ သရက်ကွ ပျူရွာသိမ်းပွဲမြင်ကွင်းများ
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်၊ ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ကလေးနဲ့ ဂန့်ဂေါကြားက စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်အထိ ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ (၁၅)ဦး ထက်မနည်း သေဆုံးပြီး (၄၀)ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ မကွေးတိုင်း၊ ဂန့်ဂေါကြားက စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force (CDF-KKG) က ထုတ်ပြန်ပါတယ်။