ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လုံး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေရာတွေက တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းဖို့ကြိုးစားနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို သတိပေးတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုလည်း စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းအနီး စိုက်ကွင်းတွေမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေကို မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ပျူစခန်းအနီးမှာ ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းနိုင်ဖို့ တော်လှန်‌ရေးတပ်ဖွဲ့တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်‌ပေးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

စစ်စခန်းကုန်းများကို အမှုန့်ကြိတ်မည့် လူလိုက်ပါနိုင်သည့် ဒရုန်းစွမ်းဆောင်ရည် (ရုပ်/သံ)

လူကိုယ်တိုင် လိုက်ပါနိုင်တဲ့ဒရုန်း မှတ်တမ်းရုပ်သံကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- နေလင်း၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ရေတာရှည်မြို့နယ် ကြို့ပင်ရွာက အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်)ထံက သိရပါတယ်။
Read More

ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သား ၂၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်အထိ ၄ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။