ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လုံး အောင်မြင်တယ်လို့ သိရပါတယ်။

“တပခထဲ ထိခိုက်မှုကတော့ ကြီးတယ်လို့ သိရပါတယ်။ ထပ်ဆင့်အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ အသေးစိတ်သိရရင် ထပ်ပြောပေးပါ့မယ်။ ကျနော်တို့ရဲဘော်တွေအားလုံးလည်း ဘေးကင်းလုံခြုံစွာ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။” လို့ Brave Warriors For Myanmar ( BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေရာတွေက တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းဖို့ကြိုးစားနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို အခုလို တိုက်ခိုက်ခြင်းအားဖြင့် မြန်မာပြည် နေရာအနှံ့အပြားမှာ အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေတဲ့ အင်အားစုတွေအတွက် တော်လှန်ရေး အရွေ့ဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ရှုံးကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှု၊ လူငယ်တွေကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေ စိတ်မလုံခြုံမှု ခံစားနေကြရသလို စစ်ရှုံးကောင်စီ နဲ့ မိသားစုဝင်တွေလည်း မှီခိုအားကိုးရာ စစ်ဌာနချုပ်အတွင်းမှာကိုပဲ မလုံခြုံတော့တဲ့အကြောင်း လက်တွေ့ခံစားရစေဖို့တိုက်ခိုက်တာလို့လည်း Brave Warriors For Myanmar ( BWM) က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က Mission 27 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် တစ်ဖက်တစ်လမ်းကနေကူညီပေးခဲ့တဲ့ ဗိဿနိုး တောင်တွင်းကြီးအဖွဲ့ကိုလည်း Brave Warriors for Myanmar (BWM)က ကျေးဇူးတင်ကြောင်းပြောထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအားထားရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးပြီး သိပ်မကြာခင် လပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဗီရိုနီကာ ONE Championship နှင့် တရားဝင် စာချုပ်ချုပ်ဆို၊ သူမ၏ ပွဲဦးထွက် မကြာမီ မြင်တွေ့ရမည်ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေး မိုးထဲရေထဲကာလ ရောက်နေတာကြောင့် ပူးပေါင်းရုန်းကန်မှု အရေးကြီးကြောင်း စစ်ကိုင်း PDF ပြော

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။