ဧရာဝတီတိုင်းထဲက ဇလွန်၊ ဟင်္သာတ၊ သာပေါင်း၊ ငသိုင်းချောင်းနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့တွေမှာ တပ်သားအင်အား မလုံလောက်တော့တဲ့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ နာမည်နဲ့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ ရှိတဲ့ လူကြီးပိုင်းတွေကို မြို့ပေါ်လုံခြုံရေးအတွက် စစ်သားအစားထိုးအနေနဲ့ တာဝန်ပေးအပ်နေတယ်လို့ သိရပါတယ်။

ဒီအဖွဲ့တွေအတွက် ယူနီဖောင်းကိုတော့ ပြည်သူ့စစ်လို စစ်ဝတ်စုံမျိုး မဟုတ်ဘဲ အပေါ်အပြာ၊ အောက်အပြာ၊ ဦးထုပ် အပြာတွေ ဝတ်ဆင်စေကာ မြို့တွင်းမြို့ပြင်မှာ လုံခြုံရေးကင်းစောင့်တာ၊ ကင်းပတ်တာတွေကို အကြမ်းဖက်စစ်သားတွေနဲ့အတူ တာဝန်ပေးထားကြောင်း သိရပါတယ်။

“စစ်ထွက် စစ်မှုထမ်းဟောင်းတွေကတော့ စစ်သားယူနီဖောင်း ပြောက်ကျားတွေနဲ့ပေါ့။ ကျန်တဲ့ အရပ်သား ပြည်သူ့လုံခြုံရေးအဖွဲ့တွေကတော့ အပြာဝမ်းဆက်တွေ ဝတ်ပေးထားတာပေါ့။ ခေါင်းစဥ်ကတော့ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးပေါ့။ ရွာက နဂိုကတည်းက အေးချမ်းသာယာပြီးသားပါ။ စစ်တပ်ရှိတဲ့မြို့တွေပဲ မအေးချမ်း မသာယာတာ.. သူတို့ကိုပဲကြောက်နေကြရတာလေ။ အခုဆိုရင် လူငယ်ကအစ အဖိုးကြီးတွေအထိ ပေါ်တာဆွဲမှာ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲထည့်မှာ ကြောက်နေရပြီ၊ မသာယာဖြစ်နေပြီပေါ့။ ပြောင်းပြန်ဖြစ်နေတယ်။ ပြည်သူကို ကာကွယ်ရမယ့်စစ်တပ်ကို ခုပြည်သူတွေက ပြန်ကာကွယ်ပေးနေရတဲ့ အခြေအနေမျိုးတွေဖြစ်နေပြီ။ ပြည်သူကမကြောက်ဘူး။ ကြောက်တာကသူတို့။ သူတို့သေမှာစိုးလို့ ပြည်သူကို ပြန်ပြီးထိုးကျွေးနေကြပြီ။ ကင်းပတ်ကင်းလှည့် ကင်းပုန်းဝပ်တဲ့အလုပ်တွေကို ပြည်သူတွေက ပြန်လုပ်နေရပြီး ပိုက်ဆံတောင်း ပေါ်တာဆွဲတဲ့အလုပ်ကို စစ်သားတွေက လုပ်နေကြပြီ” လို့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဝင်လိုက်ရသူရဲ့ မိသားစုဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များ

အင်အားချိနဲ့နေတဲ့ စစ်တပ်ဟာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဖွဲ့စည်းဖို့ စီစဉ်နေတာပါ။ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်တပ်ဖွဲ့စည်းတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူသွားမယ်လို့ အစောပိုင်းကာလတွေကတည်းက ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။

“တကယ် ဧရာဝတီတိုင်းကို ရခိုင့်တပ်တော် AA တို့ PDF တို့ ဝင်စီးစေချင်လှပြီ။ အမှန်တကယ်လည်း ဧရာဝတီတိုင်းမှာ စစ်သားတွေ ထင်သလောက်မရှိကြတော့ဘူး။ အရပ်သားတွေကို စစ်ယူနီဖောင်းတွေဝတ်ဆင်ပေးပြီး စစ်သားအယောင်ဆောင်ခိုင်းထားတဲ့သူများနေတာ။ တကယ်တမ်း ဝင်တိုက်ရင် ၁လမကြာဘူး” လို့လည်း အထက်ပါမိသားစုဝင်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အသက်မပြည့်သေးသူများကို စစ်မှုမထမ်းခိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တားမြစ်မိန့် ထုတ်ပြန်…

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းမည်ဟု NUG ကြေညာ

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်‌နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် နိုင်ငံရဲ့ နေရာတော်တော်များများမှာ နေအိမ်အဆောက်အအုံများ၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူထောင်နဲ့ချီသေဆုံး သောင်းချီ ဒဏ်ရာရရှိခဲ့တာကြောင့် လူပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်ပါတယ်။