စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ် အစီး ၆၀ ကျော်နဲ့ သံပြားကာယာဉ် ၄ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့တွင်းတစ်နေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကြေးနီတင်ယာဉ် ၁ စီး ကားခေါင်းထိမှန် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မုံရွာကနေ စစ်ကိုင်းဘက် ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို မန္တလေး-မုံရွာလမ်းပိုင်း အလ္လကပရွာအနီးမှာ မိုင်းပွိုင့် ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ရာ တွဲယာဉ် ၁ စီး ထပ်မံပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တွေကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BLDF တပ်ခွဲအညာမိုင်းနဲ့ ဒေါင်းဘုရင်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နောင်ပိန်ရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယနေ့ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာကို နောင်ချိုမြို့နယ်အတွင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်‌အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ဆုတောင်းမှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Read More

စစ်တပ်ယာဉ်တန်းကို လုံခြုံယူပေးသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာနမခသို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက်မှာ Kayan National Army က ထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။