ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းက ပခုက္ကူတပ်မ ၁၀၁နဲ့ ခလရ-၂၅၁ ၊ ခလရ-၂၅၂ တပ်ရင်းတွေကို အဝေးပစ် ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အဲ့နေ့က ပစ်တဲ့ အဝေးပစ်က ခလရ-၂၅၂ က ၁ကောင်သေပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ နောက်ပြီး တပ်လိုင်းခန်းတွေနဲ့ ဘန်ကာတွေအပေါ် ကျတယ်။​ နောက်ပြီး ၁၈ရက်နေ့ကလည်း BRR(Burma Revolution Rangers) အဖွဲ့က ခလရ ၂၅၂ ထဲဝင်ပစ်တာ စစ်တပ်ဘက်က အရာရှိအပါ ၂ယောက် သေတယ်။ ကိုယ့်ဘက်က ရဲဘော် ၁ယောက် ကျတယ်” လို့ Cobra One အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်

ဒီတိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့နဲ့အတူ TaTy Pakokku pdfတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေကို အ​ကြောင်းမဲ့ဖမ်းဆီးရင်း တပ်မ ၁၀၁အပါအဝင် လက်အောက်ခံတပ်ရင်းတွေဆီ တပ်သားသစ်အဖြစ် ပို့​ဆောင်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“ဘယ်လိုမျိုးတွေလဲဆိုတော့ ပခုက္ကူ ဧရာဝတီတံတားပေါ်မှာတင် ၁၀ဦးကျော် ပါသွားပါတယ်။ ရပ်ကွက်အချို့မှာလည်း အိမ်တွေထဲထိ ဝင်ဆွဲလို့ လူငယ်တွေ ပါသွားပါတယ်။ ၂၅၉ တပ်ထဲကို စုပြီးမှ ၁၀၁တပ်မကို ပို့တာပါ။” လို့ Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

NUG လက်အောက်ကနေ  တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီး ပြော 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နှုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူးလို့ မင်းအောင်လှိုင် ပြော

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။