စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ရန်ကုန်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေတဲ့ စနစ်ထဲ မီးပျက်ချိန်တစ်ချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးကို အုပ်စု (A) နဲ့ အုပ်စု(B) ဆိုပြီး နှစ်ဖွဲ့ခွဲကာ မြို့နယ်တွေကို အလှည့်ကျပေးဝေလျက်ရှိရာ အုပ်စုနှစ်ခုလုံးမှာ ည ၉နာရီကနေ မနက် ၁ နာရီအထိ မီးပျက်ချိန် ထပ်မံတိုးမြှင့်လိုက်တာပါ။

နွေရာသီမရောက်ခင်မှာပဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆိုးရွားစွာ ကျဆင်းနေတဲ့အတွက် ရန်ကုန်မှာ မီးပျက်ချိန်တိုးမြှင့်လိုက်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုကုန်ကျစရိတ်များပြားလာနိုင်ပြီး ညဘက်လျှပ်စစ်မီး မရရှိတာကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ဝေဖန်လျက်ရှိပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်ချိန် တစ်ချိန်တိုးမြှင့်လိုက်ခြင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်မီတာရုံးတွေရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တွေကလည်း အသီးသီးဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆိုးရွားစွာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အပေါ် စစ်ကောင်စီဟာ ဆက်တိုက်မဖြေရှင်းနိုင်ခဲ့ဘဲ လက်ရှိမှာတော့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

ကော်မရှင်မှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ဒုတိယဥက္ကဋ္ဌ(၁) နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့က ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၇ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမယ့် လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းသာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကပြုလုပ်တဲ့ နေပြည်တော်က အခမ်းအနားတစ်ခုမှာ လျှပ်စစ်မီးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၂၅ မှာ အပြည့်အ၀ ရရှိတော့မယ်လို့ ဝါဒဖြန့် ပြောကြားမှုတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။