ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တစ်နေရာမှာ ၂၀၂၂ ခုနှစ်က ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၇) က ထုတ်ပြန်ထားပါတယ်။

ကျဆုံးရဲဘော် (၅) ယောက်ကို သတိရလွမ်းဆွတ်တဲ့အနေနဲ့ ကျဆုံးခြင်း(၂) နှစ်ပြည့်အခမ်းအနားကို ရှားတောမြို့နယ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို တပ်ရင်းအမှတ် (၁၇) တပ်ဗိုလ်တပ်မှူးတွေ၊ ဖိတ်ကြားထားသူတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇  ရက်က ရှားတောမြို့နယ်တစ်နေရာမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း KNDF တပ်ရင်း အမှတ် (၁၇) က ရဲဘော် (၅) ယောက် ကျဆုံးခဲ့တာပါ။

ကျဆုံးခဲ့တဲ့ KNDF အမှတ် (၁၇) တပ်ရင်းက တပ်ဖွဲ့ဝင် (၅) ယောက်ကို လေးနက်စွာအလေးနီပြုသလို ကရင်နီ အမျိုးသား အာဇာနည်သူရဲကောင်းတွေအဖြစ် အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမှာဖြစ်သလို မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျန်ရှိရဲဘော်တွေက ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိပြုကြောင်း KNDF အမှတ် (၁၇) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

KNDF ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စတင်ဖွဲ့စည်းတဲ့ အချိန်ကစလို့ ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို KNDF အမှတ်(၄) ဗျူဟာက ပြုလုပ်ထားတဲ့ ကျည်-Ammo (သိန်း ၉၉၉၉) Project မှာ ဖော်ပြထားပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။