ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသိန်းထွန်းကိုယ်တိုင် သာပေါင်းမြို့ကို လာရောက်ပြီး စည်းရုံးရေးလုပ်ခိုင်းနေတာလို့ သိရပါတယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ဆွေးနွေးမှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီဇင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းမှာ ဦးသိန်းထွန်းရောက်လာပြီး သူတို့ကြံခိုင်ရေးပါတီကနေ အုပ်ချုပ်ရေးမှူး ဖြစ်သွားကြတဲ့ ရပ်ကွက်ကျေးရွာက အုပ်မှူးတွေကိုခေါ်ပြီး စည်းရုံးရေးလုပ်ခိုင်းခဲ့တာပါ” လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ယောက်က မောင်းကိုပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်များ တွေ့ဆုံခဲ့စဉ်

“အခုချိန်ကာလမှာ စည်းရုံးရေးမဆင်းရဲဘူးပြောတဲ့အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖိအားတွေပေးသွားတယ်။ အခုချိန်မှာ အုပ်ချုပ်ရေးမှူးနေရာက ထွက်ဖို့ ကြိုးစားသူတွေကိုလည်း လုံးဝထွက်လို့မရဘူးလို့ဖိအားပေးသွားခဲ့တယ်” လို့လည်း အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းကို ရခိုင့်တပ်တော် AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လာနေတာကြောင့် စည်းရုံးရေးခုပ်ဖို့ မလွယ်ဘူးလို့ ပြောပြတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ကျောင်းကုန်း ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးသိန်းထွန်းက “မင်းတို့ ဘာကြောက်နေတာလဲ။ မကြာခင် ရုရှားနဲ့ တရုတ်က စစ်အကူအညီတွေ လာတော့မယ်။ ၆လအတွင်း ချေမှုန်းပေးမှာ” လို့လည်း စည်းရုံးပြောဆိုသွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတွေဆီက သိရပါတယ်။

သာပေါင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်များ တွေ့ဆုံခဲ့စဉ်
0 Shares:
You May Also Like
Read More

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ

အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KNDF ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် သင်တန်းချိန်မှာ ရေထဲမျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စစ်ဆေးတွေ့ရှိချက် KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၅၈ တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ သေနတ် ၁ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။