နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 

အဲဒီ ၃၃ ယောက်ဟာ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တပ်ရင်းတွေ၊ ပကဖတွေထံ ဆက်သွယ်ပြီး ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံခဲ့တာ ဖြစ်ပါတယ်။ 

“ဘက်ပြောင်းခိုလှုံလာသူတွေက အမျိုးမျိုးပါ၊ စစ်တပ်ကို လက်နက်ကိုင် ပြန်လည်တိုက်ခိုက်တာ၊ တပ်ရင်းတပ်ဖွဲ့ဆီမှာ စောင့်ရှောက်ထားတာ၊  လွတ်မြောက်နယ်မြေမှာ ဘဝသစ်တည်ဆောက်နိုင်ဖို့ ကူညီပေးတာမျိုးတွေပေါ့… အတတ်နိုင်ဆုံး သူတို့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးပြီး ကူညီပေးခဲ့ပါတယ်။ “ လို့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

နိုဝင်ဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူတွေထဲမှာ လက်နက်နဲ့တကွ ဝင်ရောက်လာသူတွေလည်း ရှိတာကြောင့် ယူဆောင်လာခဲ့တဲ့ လက်နက်တန်ဖိုးအလိုက် MOD က သတ်မှတ်ထားတဲ့ ဂုဏ်ပြုငွေတွေကို ချီးမြင့်ခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုဝင်ဘာလအတွင်း ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသူတွေထဲမှာ လက်နက်မျိုးစုံ အလက် (၂၀) နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ၊ ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်သားတွေ၊ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (ဒါမှမဟုတ်) နီးစပ်ရာ PDF တွေ၊ ပကဖတွေ၊ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အောင်လံတွင် ပစ်ခတ်ရှင်းခံထားရသည့် စစ်တပ်ဒေါက်တိုင် ၂ ဦး၏ နေအိမ်များအား ချိတ်ပိတ်သွားမည်ဟု ပကဖ ပြော 

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ဒေသတွင် ဩဂုတ်လအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၃ ပါး ပျံလွန်တော်မူခဲ့

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မွန်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၅ပါးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။