တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာမှာ နေထိုင်သူဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အရွယ် ဒေါ်နွဲ့သန်းဆိုသူဖြစ်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ နွားနို့ သွားပို့ဖို့အတွက် နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်ခွာလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ထားဝယ်ဘက်ကနေ လောင်းလုံးဘက်ခြမ်းကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့တဲ့အပြင် အခုလို ပစ်ခတ်သတ်ဖြတ်မှုကိုပါ ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ ထားဝယ်သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ထားဝယ် သပိတ်ကော်မတီ
0 Shares:
You May Also Like
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၇ ဦး သေဆုံး၊ သေဆုံးသူများအနက် ကလေးငယ် ၃ ဦး ပါဝင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနဲ့ ဝက်ယင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ထဲ ဝင်လာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်တိုက်နေတယ်လို့ NUG MOD ဆို

မိုးကုတ် - မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။