မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ (၁၁)ရက် မနက်ပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းနဲ့ ဘန်ကာတွေကို တစ်ဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ပြီး အချိန် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က မျက်မြင် ၆ ယောက် သေဆုံးခဲ့သလို လေးကြိမ်တိတိ ဗုံးကြဲပစ်ကူပေးခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ယောက်နဲ့ ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမှတ်(၈) စစ်ကြောင်း အဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)က တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ ၂ ယောက်ကတော့ အဲ့ဒီတိုက်ပွဲမှာပဲ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

ရေလာလေးရွာက စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက ၆၀ မမ စိန်ပြောင်း(၁)လက် ၊MA2 (၁) လက် ၊ MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂) လက် ၊ရှော့ဂန်း (၃) လက် ၊ 5.56 လက်လုပ်(၁)လက် ၊ ကျည်ဘောက် (၁၀)ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ သုံ့ပန်း(၇) ယောက် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းတဲ့ အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုနဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၈)စစ်ကြောင်းဦးဆောင်မှုနဲ့ တိုက်ပွဲဝင်‌ခဲ့တဲ့ ရဲဘော်တွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဓာတ်ပုံ အမှတ် ၈၊ စစ်ကြောင်း)

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

တောင်ငူ၊ ပဒဲကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်၊ ၁၀ ဦးသေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။