ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၁ရက် ညပိုင်းက တောင်ငူမြို့ ကေတုမတီ လေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းတွေထဲကို BWM နဲ့ မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကေတုမတီ လေတပ်စခန်းဝန်းထဲကို ရှော့တိုက်ဒုံး ၅လုံးပစ်ခတ်ရာမှာ ၃လုံး အောင်အောင်မြ​င်မြင် ပစ်ခတ်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အခုလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေကို နေ့တွင်းချင်းသဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကိုလည်း ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တပခ ရဲ့ ထိခိုက်မှုတွေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

တောင်ငူလေတပ်နဲ့ တပခ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်နေစဥ်
တောင်ငူလေတပ်နဲ့ တပခ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်နေစဥ်

တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့​ ပတ်သက်လို့ စစ်ကောင်စီက သတင်းအမှောင်ချထားကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိထားသူတွေထဲက ၂ယောက်ဟာ အသက်အန္တရယ်စိုးရိမ်နေရပြီး ကား၁စီးလည်း ပျက်စီးခဲ့ကြောင်း Brave Warriors For Myanmar (BWM) က ပြောပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်ပြည်နယ်မြောက်ဘက်ခြမ်းက တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ဖို့ အမိန့်ပေးနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကိုတိုက်ခိုက်ခြင်းအားဖြင့် တော်လှန်ရေးအရွေ့တစ်ခုဖြစ်ပေါ်စေဖို့ ရည်ရွယ်သလို ဌာချုပ်ကွပ်ကဲမှုအောက်က တပ်တွေကိုလည်း အင်အားချိနဲ့ ပြိုလဲစေဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေတပ်စခန်းကိုလည်း ပြိုလဲဖို့မစ်ရှင်တစ်ခုအနေနဲ့လုပ်ဆောင်ခဲ့တာလို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူကပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KK Park အတွင်း အဆောက်အဦး ၁၀၀ ကျော် ဖောက်ခွဲဖျက်ဆီးပြီးကြောင်း မတတ်သာဘဲ ကျားဖြန့် ဟန်ဆောင်နှိမ်နင်းပြနေသည့် စစ်ကော်မရှင် ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

စစ်အုပ်စု၏ အယောင်ပြလွတ်ငြိမ်း‌များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ မပါဝင်သည့်အတွက် နိုင်ငံတကာဖိအားများ ဆက်ရှိနေမည်

အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ပြလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်လာသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တာနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ISP-Myanmar က ဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူပေါင်း ၃၀,၀၃၉ ကို ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အဲဒီအနက် ၁၁,၄၂၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၂၂,၇၀၂ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။