ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၉ ရက် မနေ့က မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်ကနေ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်တွေကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းမှာ (၁)လုံး၊ စက်ရုံဘေးမှာ (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိတဲ့အထဲက အမျိုးသား (၂) ယောက်ဟာ ဦးခေါင်းမှာ ထိမှန်ဒဏ်ရာရရှိပြီး အမျိုးသမီးကတော့ ပေါင်ထိမှန်ဒဏ်ရာ ရရှိခဲ့သလို ကား (၂)စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေက ပြည်သူတွေ အေးချမ်းစွာ မနေထိုင်နိုင်အောင် လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့ အထူးဂရုပြုကြဖို့ လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
Read More

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ ၁ ဦးလည်း စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးခဲ့ဟု ဗမာ့တပ်တော် ထုတ်ပြန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂ ရက်တာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို ပြည်သူ ၁ယောက်လည်း သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။