အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။

အဂတိလိုက်စားမှုကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်စေတယ်လို့လည်း မင်းအောင်လှိုင်က ဒီဇင်ဘာ ၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

အဂတိလိုက်စားမှုကြောင့်ရရှိလာတဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနဲ့အညီ တိတိကျကျဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ 

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

စစ်အာဏာသိမ်းပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေကြားထဲမှာ ဆိုးရွားစွာ အဂတိလိုက်စားမှုတွေဟာ တကျော့ပြန်ခေါင်းထောင်လာပြီး ပြည်သူတွေဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ငွေကြေးပေးပြီး လုပ်ဆောင်နေရမှုကိုတော့ မင်းအောင်လှိုင်က မျက်ကွယ်ပြု ပြောဆိုလိုက်ပါတယ်။

လေဆိပ်၊ ပတ်(စ်)ပို့ရုံးတွေနဲ့ အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ Non-CDM ဝန်ထမ်းတွေဟာ ပိုမိုပြီး ကြီးပွားချမ်းသာလာမှုကို စစ်အာဏာသိမ်းအဖွဲ့က မျက်ကွယ်ပြုထားခြင်းလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေကိုယ်တိုင် စစ်ခေါင်းဆောင်ရဲ့ အရှိန်အဝါကို သုံးပြီး ပြည်ပကနေ လျှပ်စစ်ကားတင်သွင်းတာ၊ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းအများစုမှာ ကိုယ်ကျိုးအတွက် လုပ်ကိုင်ခွင့်ရရှိနေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ပြောကြားချက်ထဲမှာ “အဂတိလိုက်စားမှု ကျူးလွန်သူတွေကို တရားစွဲဆိုအရေးယူရုံသာမက ငွေကြေးနဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာကို ဥပဒေအတိုင်း တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ဖို့လိုအပ်တယ်”လို့ ပြောကြားခဲ့မှုက မြေပြင်နဲ့ ကွာခြားမှုတွေလည်း ရှိနေတာပါ။

အဂတိလိုက်စားမှုကင်းစင်တဲ့  နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ အစိုးရနဲ့ ပြည်သူလူထုတစ်ရပ်လုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို စိတ်ပါဝင်စားစွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့လည်း မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို လက်ပစ်ဗုံးများ၊ ပြင်းအားမြင့် မိုင်းများဖြင့် မြို့ပြကြွက် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။