စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်၊ မနေ့က ကလေးဝမြို့တောင်ဘက် မြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ ရှမ်းအင်းကျေးရွာကို စစ်အုပ်စုတွေက လက်နက်ကြီး ၈၁ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်(မ) ၁ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်(မ) နဲ့ ၃၂ နှစ်အရွယ် အမျိုးသမီး၁ယောက်လည်း ထိခိုက်ဒဏ်ရာ ကိုယ်စီရခဲ့တယ်လို့ သိရပါတယ်။

ကလေးဝမြို့မြောက်ဘက် ချင်းတွင်းမြစ်ကူးတံတားပေါ်မှာရှိနေတဲ့ စစ်အုပ်စုကားတွေကို တော်လှန်ရေးတပ်ဖွဲ့က အဲဒီနေ့ (ဒီဇင်ဘာ ၉) မနက်ပိုင်းမှာ  ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့​ပြီးတဲ့နောက် အခုလို တိုက်ပွဲနဲ့ မဆိုင်တဲ့ ကျေးရွာတွေဆီ  လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ကလေးခရိုင်ပကဖတာဝန်ခံက ပြောပါတယ်။

လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ မိန်းကလေးငယ်

“က​လေးမြို့ကလာတဲ့ စခ ​တွေ ချင်းတွင်းမြစ်ကူးတံတားဂိတ်မှာ စုဖွဲ့​နေတုန်း ကလေးဝအဖွဲ့က Drop Bomb ချခဲ့တယ်ပေါ့။ အဲ့မှာ သူတို့ဘက်က အရာရှိတ​စ်ယောက်အပါအဝင် ထိခိုက်မှုအ​တော်များများရှိခဲ့တယ်။ အ​သေးစိတ်ကိုတော့မသိရသေးဘူး။ အဲ့ဒါနဲ့ ချင်းတွင်းမြစ်ကူးတံတားပေါ်မှာရှိတဲ့ သူတို့စခန်းကုန်းကနေ ပစ်ခဲ့တာပါ။ ကောင်တာပြန်ထောက်တာဆိုပေမယ့် တိုက်ပွဲမရှိတဲ့ ဘာမှမရှိတဲ့ အရပ်သားရွာကို ရမ်းသမ်းပစ်ခဲ့တာပါ။ ခန့်မှန်း ၂လုံး ၃လုံး​ပစ်တယ်လို့ ​ဒေသခံ​ပြည်သူတွေပြောပါတယ်” လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ PDF တပ်တွေရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် အခုလိုအရပ်သားတွေ သေဆုံးရတယ်လို့ လိမ်လည်ဖော်ပြနေကြပါတယ်။

“သေတာက မသန္တာဖြိုးအသက် (၈) နှစ်ပါ။ နောက် မပူတူး အသက် ၃၂ နှစ်က ပေါင်ကို လက်နက်ကြီးစ ထိပါတယ်။ မတွယ်တာငြိမ်းဆိုတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးကျ ညာဘက်လက်ပြင် ထိပါတယ်။ ထိထားတဲ့ ၂ ယောက်က ဒဏ်ရာပြင်းထန်လားတော့ မသိရပါဘူး။ စကစ ​လော်ဘီ​တွေက အဲ့သတင်းကို ​ပြောင်းပြန်​​ရေးပြီး ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ ဒရုန်း တိုက်ခိုက်မှု​ကြောင့်ဆိုပြီး ရေး​နေကြတာပါ..တကယ်က သူတို့ ပစ်ခတ်မှု​ကြောင့်ပါ” လို့ ကလေးခရိုင် ပကဖတာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီက ကလေးဝမြို့၊ မထုကြီး၊ မထု​လေးကျေးရွာတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် လယ်ထွန်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသား ၁ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ပြီး သာသနာ့အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၄ လုံး ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

ဆန္ဒပြပြည်သူကို တူမီးဖြင့် ကာကွယ်ပေးခဲ့သည့် ချင်းတော်လှန်ရေးတပ်များ အချင်းချင်း လက်တွဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူထုကို ဦးဆောင်နေတဲ့ ချင်းတော်လှန်ရေးတပ်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီး ၁ ယောက်က မိသားစုတွေ ခေါ်ဆောင်လာကာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။