ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နဲ့ မြို့‌တောင်ဘက်အထွက် စစ်ဆေးရေးဂိတ် တို့ကို နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၆ ရက်အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ် ၁ ယောက် သေဆုံးပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိတာကြောင့် နေပြည်တော်ကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၊ Delta One Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။