မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။ 

ဒီဇင်ဘာလ ၄ရက်နေ့ မနက်ပိုင်းက မဟာအောင်မြေမြို့နယ် ရွှေချည်ထိုးရပ်ကွက်နဲ့ ဓားဝယ်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်၂ယောက်ကို ဟေမာလာမြောက်ရပ်ကွက်ရုံးနေ ပျူစောထီးတွေက အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် ညဦးပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ မန်းတော်သာရပ်နေ ဆိုင်ကယ်ဝပ်ရှော့ ဝန်ထမ်း လူငယ်၁ယောက်ကို အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက စစ်မှုထမ်း ပေါ်တာဆွဲကာ အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ရက် ညပိုင်းမှာလည်း ၈၉လမ်း ၁၄/၁၅ လမ်းကြားကလည်း လူငယ်၂ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ည၁၂နာရီအချိန်မှာပဲ ပြည်ကြီးတံခွန်၊ ဆရပ်ကွက်နေ ညဏ်ရည်အားနည်းသူ မောင်သက်ပိုင်စိုးကိုလည်း စစ်မှုထမ်းပါတယ်ဆိုပြီး ထပ်မံဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ဒီဇင်ဘာ၆ရက် မနက် ၁နာရီမှာလည်း ပြည်ကြီးတံခွန်မြို့နယ် ၊ ဆရပ်ကွက်နေ လူငယ်၁၅ယောက်ကို  အိမ်စီးကား၂စီးနဲ့ အင်အား၈ယောက်ပါ စစ်အုပ်စုတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်အတိကျကိုတော့ မောင်းသတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေး​​​ပါ။

“အခုနောက်ပိုင်း အိမ်ထဲထိ ဝင်ဆွဲတယ်။ လမ်းမှာတွေ့လို့ ညပိုင်းတွေဆိုလည်း မထင်ရင်မထင်သလို ဆွဲတယ်။ ဆိုင်တွေမှာပါ ဝင်ဆွဲတာမျိုးပေါ့။ အခုက မြို့ထဲလောက်သာ သတင်းထွက်ပေမယ့် တံတားဦး ၊ ပုသိမ်ကြီးနဲ့ စစ်ကိုင်း အဝင်လိုနေရာမျိုးတွေနဲ့ မန္တလေးရွာနီးချုပ်စပ်တွေမှာ ပိုပြီး ဖမ်းတာကြမ်းလာတယ်။ မြို့ပေါ် UG တွေဘက်က မစ်ရှင်တွေ လုပ်ဖို့ ခက်ခဲလာတာ ၊ အန္တရာယ်များလာတာတွေက အခုလိုပေါ်တာဆွဲနေတဲ့ အုပ်ကြီးတွေကို အခွင့်အရေး ပေးသလိုပါပဲ။ စကစ က မြို့ပေါ်အုပ်ချုပ်ရေးတွေကို အခိုင်အမာတည်ဆောက်ထားတာ” လို့ မန္တလေးမြို့ပေါ် မစ်ရှင်တွေဆောင်ရွက်နေတဲ့ မြို့ပြ UG အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မန္တလေးတိုင်း စစ်မျက်နှာအပြင် နေရာစုံမှာရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၈ ကို စတင်လာပြီဖြစ်ပြီးလူအင်အားဖြည့်တင်းမှုတွေပိုမိုလုပ်ဆောင်လာရာ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ လူငယ်တွေ အလုံးအရင်းနဲ့ ဖမ်းဆီးခံလာရတာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေထဲ ငွေကြေး သိန်းဂဏန်းဆယ်နဲ့ ရာနဲ့ချီပေးပြီး လွတ်မြောက်လာသူတွေရှိသလို စစ်မြေပြင်ပို့​​ဆောင်ခံရကာ သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃ ယောက်ခန့် သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။