ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU – ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်း နိုဝင်ဘာလ ၁ ရက်ကနေ ၃၀ ရက်အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ၊ ပူးပေါင်း မဟာမိတ်စစ်သည်တော်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၄၃ ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူး ၁ ယောက်နဲ့ ဒုတပ်ရင်းမှူး ၁ ယောက် အပါအဝင် စစ်သား ၈၈ ယောက် သေဆုံးကာ ၁၃ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မာထောစခန်းအား သိမ်းပိုက်ရရှိစဉ်တွင်း သိမ်းဆည်းရမိသော လက်နက်ကခဲယမ်းများ (ဓာတ်ပုံ KNU)

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းနဲ့ မထောတပ်စခန်းတို့ကိုလည်း KNLA တပ်မဟာ စစ်သည်တော်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ အလုံးစုံသိမ်းပိုက် နိုင်ခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးသီး ၁၆ လုံး ကြဲချခဲ့ရာ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ ရပ်ရွာနဲ့ လုပ်ကိုင်စားသောက်ရာ နေရာအတွင်း ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပတ်သည့် စစ်ကောင်စီတပ်နှင့် ပေါ်တာဆွဲသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ…

"ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ " လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။