ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။ 

ဒီဇင်ဘာ ၅ ရက် မနေ့က နှောပင်ကျေးရွာကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို Royal Thunder Column ရဲဘော်တွေက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ အထိနာသွားကာ  ကျွန်းတောကုန်းကျေးရွာကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးရဲဘော်တွေဘက်ကို နေပြည်တော်တပ်ရင်း ၈၀၄၊ ၉၀၁ ရဲဘော်တွေ စစ်ကူရောက်ရှိလာပြီး ပုဝါနီစစ်ကြောင်းက လက်နက်ကြီးပစ်ကူပေးမှုတွေရှိလာတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ပြီး G3 ကျည်ဆန်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာ စက်သေနတ်တင် သံချပ်ကာယာဉ်အပါအဝင် အင်အားဖြည့်ကူစစ်ကြောင်းနဲ့အတူ အကြမ်းဖက်စစ်သားတွေ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ Royal Thunder Column စစ်ကြောင်း၊ နေပြည်တော်တပ်ရင်း ၈၀၄၊ ၉၀၁နဲ့ ကီးကူစစ်ကြောင်း၊ပုဝါနီစစ်ကြောင်းပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စောင့်ကြိုတိုက်ခိုက်ခံရတဲ့အတွက် အရာရှိ ၁ ယောက် အပါအဝင် စစ်​သား ၂၄ ယောက်သေပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ Royal Thunder Column က ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။