မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့အတွက် အာဏာသိမ်း စစ်ကောင်စီက ကုလသမဂ္ဂယူနက်စကို ၂၀၂၃ ခုနှစ် မတ်လမှာ တင်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မြန်မာ့သင်္ကြန်ဟာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါလာပြီးတဲ့နောက် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှု ညီလာခံကနေ “မြန်မာ့အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း (ICH) စာရင်းဝင်အဖြစ် အသိအမှတ်ပြု ကြေညာခဲ့တာပါ။

မြန်မာ့ရိုးရာသင်္ကြန်ဟာ အာဏာမသိမ်းခင် ကာလတွေမှာ မြန်မာတစ်နိုင်ငံလုံး လူတန်းစားမရွေး ပျော်ရွှင်ကြရတဲ့ ပျော်ပွဲရွှင်ပွဲ ဖြစ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အရင်လိုပျော်စရာ မကောင်းတော့သလို သင်္ကြန်ရဲ့ အနှစ်သာရ မရှိတော့တာ အားလုံးလည်း အသိဖြစ်ပါတယ်။

နိုင်ငံအနှံ့ စစ်မီးတွေ တောက်လောင်နေချိန် အာဏာသိမ်းစစ်ကောင်စီက သူတို့လက်ထက်မှာ ပွဲတော်တွေကို စည်ကားအောင် အမျိုးမျိုး ဖန်တီးနေပေမယ့် တော်လှန်ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ပွဲတော်တွေမှာ မပါဝင်ကြဖို့ အမြဲနှိုးဆော်ထားကြပါတယ်။

စစ်အာဏာရှင်တွေ ပြုတ်မကျသေးဘဲ အုပ်စိုးမင်းမူနေသမျှ ကာလပတ်လုံး မြန်မာ့ရိုးရာပွဲလမ်းသဘင် အားလုံးဟာ မြန်မာပြည်သူတွေအတွက် အနှစ်သာရမရှိဘဲ အပေါ်ယံ ဟန်ပြသက်သက်အဖြစ်သာ ရှိနေဦးမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။