ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ပြည်သူတွရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလို့ မရဘဲ တော်လှန်ရေး အလုပ်တွေ ခွန်ပြည့်အားပြည့်လုပ်ဖို့ ယာယီသမ္မတက တိုက်တွန်းပြောကြားလိုက်တာပါ။

NUG အစိုးရအဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၃ရက် နေ့က ကျင်းပစဉ်မှာ ယာယီသမ္မတက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည် မျှော်လင့်ချက်တွေ များစွာရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့ မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက်လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက်က အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ယာယီသမ္မတက နိုင်ငံပြင်ပရောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ပြည်တွင်းကို ပြန်လာကြဖို့ တိုက်တွန်းပြောကြားထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် စကားပြောစက်များ NUG ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မဟာဗျူဟာနည်းလမ်း(၆)ခုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုကြီးလွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမည်ဟု NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

စလင်းတွင် မဲစာရင်းစစ်ပြီး ပြန်လာသည့် စစ်ကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး နေရာတင်သေဆုံး၊ ၃ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အတုအတွက် မဲစာရင်းစစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ ဒီဇင်ဘာလ၄ရက်နေ့က စလင်းမြို့နယ်လမ်းပိုင်းတစ်နေရာမှာ မဲစာရင်းစစ်ဆေးပြီး ပြန်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ကား၂စီးကို ဒေါင်းစစ်အောင် LPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရတာပါ။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ် ဗုံးကြဲမှု CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသလို ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CDF-Hakha က မနေ့က ထုတ်ပြန်ပါတယ်။