ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုက မြန်မာအလုပ်သမားတွေအပေါ်  ဖိနှိပ်မှုကို အားပေးကူညီခြင်း မပြုလုပ်ဘဲ အရင်လို နည်းလမ်းအတိုင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သက်တမ်းတိုးပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)တို့က မကြာမီ အရေးယူတော့မယ့် အကြမ်းဖက်စစ်အုပ်စုက မြန်မာလုပ်သားတွေအပေါ် ဖိအားပေးနေတဲ့ ကိစ္စရပ်တွေကို အားပေးကူညီမှုတွေ မလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ထိုင်းအစိုးရအနေနဲ့  အရင်က ဆောင်ရွက်ပေးခဲ့တဲ့ နည်းလမ်းနဲ့ ကုန်ကျစရိတ်အတိုင်းသာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနဲ့ အထောက်အထား ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးဖို့ NUG က တောင်းဆိုလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ကနဦးတောင်းဆိုမှုတွေအရ ထိုင်းအစိုးရဘက်က အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို  တရားဝင် အထောက်အထားတွေ ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့တဲ့ အပေါ်လည်း အထူးကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး တည်ရှိတာကြောင့်  စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ နိုင်ငံအတွင်း ဆိုးဆိုးရွားရွာ ဖွံ့ဖြိုးမှုနိမ့်ကျလာခြင်းတွေကြောင့် နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံသားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်လျက် ရှိနေတာပါ။

ဒါ့အပြင် စစ်ကောင်စီကို ပုံစံအမျိုးမျိုးနဲ့ တွန်းလှန်နေတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း ထိုင်းနိုင်ငံမှာ အများဆုံးရှိနေတာကြောင့် စစ်ကောင်စီက ထိုင်းအစိုးရကို ပုံစံမျိုးစုံနဲ့ ဖိအားပေးတောင်းဆိုမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ မူဝါဒတွေ အပြောင်းအလဲလုပ်ရင် စစ်ကောင်စီရဲ့ နည်းမျိုးစုံ ဖိနှိပ်မှုနဲ့ ဒုက္ခကြုံနေရတဲ့ မြန်မာတွေအတွက် ပိုမိုခက်ခဲကာ အထောက်အထားမဲ့တွေ ဖြစ်စေနိုင်တာကြောင့် သက်ညှာထောက်ထားစွာ အကူအညီတွေပေးဖို့ မျှော်လင့်ကြောင်း NUG အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေမှာ Passport ၊ CI နဲ့ အခြားအထောက်အထားကိုင်ဆောင်သူ (၁.၂) သန်းကျော်၊ MOU အလုပ်သမား (၈) သိန်းခန့်၊ စုစုပေါင်း (၂) သန်းကျော်နဲ့ အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၁.၅)သန်းကျော်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ကောင်စီကာကင်းစခန်းတွေကို PDF ဗျူဟာ ၃ ခုနှင့် မဟာမိတ်တွေ ဝင်ရောက်စီးနင်းချေမှုန်း၊ စစ်ကောင်စီဘက်က ရဲမှူးအပါ ၁၀ ယောက် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Y.R.F ပကဖ ဆီ အလင်းဝင်လာတဲ့ ရဲ ၂ ယောက်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ပြောဆို…

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ယောက်က လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာပြီး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။