အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
“BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီ”ဟု BPLAက မနေ့က ဒီဇင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
အညာဒေသမှာ ပထမဆုံးအခြေချမယ့် BPLA အနေနဲ့ ဒါဟာ နို၀င်ဘာလက တပ်သားသစ်တွေခေါ်ယူအပြီး ဒုတိယအကြိမ်ထပ်မံခေါ်ယူလာခြင်းဖြစ်ပါတယ်။
ဗမာပြည်သူတွေကိုကိုယ်စားပြုပြီး စစ်အာဏာရှင်ကိုတွန်းလှန်မယ်ဆိုတဲ့ BPLA ဟာ ရှမ်းမြောက်နဲ့အခြားသော ဒေသတွေမှာ စစ်ရေးအတွေ့အကြံုတွေလည်း ရယူထားပြီးဖြစ်ပါတယ်။
” ဘာအခက်အခဲပဲကြုံကြုံ၊ ဘာပြဿနာပဲကြုံကြုံ ဦးလှည့်မသုန်ဆောင်ရွက်ပါမယ်။ ရှိသမျှ အားကုန်လည်း ရုန်းပါ့မယ်။ အတူရုန်းကြဖို့ရာ ဖိတ်ခေါ်ပါတယ်”ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။
အညာဒေသမှာလည်း NUG လက်အောက်ခံတပ်တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကနဦးထဲက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
BPLA အနေနဲ့ စစ်အာဏာသိိမ်းပြီးနောက် တပ်တည်ထောင်ခြင်း ၃ နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ် အမှတ်( ၁၀၇) စစ်ဒေသနဲ့ ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃)စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိခဲ့တာပါ။
0 Shares:
You May Also Like
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအပါ လက်နက်ကြီးငယ် (၄၂) လက်ခန့် သိမ်းဆည်းရရှိ၊စစ်တပ်က ဗိုလ်မှူး (၁) ဦးနဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် (၂၉) ဦး သေဆုံးကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့၊ ABSDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။