ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
အဲဒီ ရုပ်အလောင်းတွေကို မူဆယ်မြို့ထဲက ရပ်ကွက်တွေမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်း တစ်လောင်းကတော့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး တချို့ကတော့ သတ်ဖြတ်ထားခံရတဲ့ ရုပ်အလောင်းလည်း ပါဝင်သလို ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ရုပ်အလောင်း (၇) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မူဆယ်မြို့ဟာ စစ်ကောင်စီထိန်းချုပ်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး လောင်းကစား၊ မူးယစ်ဆေးသုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး ဒေသခံလူထုကလည်း စိုးရိမ်နေရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ကျန်းမာရေးဌာနနဲ့ နိုင်ငံရေးဌာနက အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းရှိ ဒေသတစ်ခုမှာ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ဒုံရင်းမြို့နယ်မှာ KNU ရဲ့ မြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၄၀) နီးပါး ရေနစ်မြုပ်ခဲ့၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ် (၁၁) လုံး ပျက်စီး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။