ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
“ ကျနော်တို့ တောင်ဇလပ်မြေ campaign ကို ကံစမ်းမဲလက်မှတ်အစောင်ရေ 10000 (ကျပ်သိန်း ၂၀၀၀) target ထားထားသော်လည်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ မေတ္တာစေတနာနှင့် ပံ့ပိုးမှုကြောင့် ကံစမ်းမဲလက်မှတ် အစောင်ရေ ၁၈၁၅၀၊ ငွေကျပ် 4510သိန်း (451,000,000mmk) နဲ့ အောင်မြင်စွာပိတ်သိမ်းနိုင်ပါတယ်ခင်ဗျ” လို့ ချင်းကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
မျှော်မှန်းထားတာထက် ပိုမိုရရှိလာတဲ့ ဇလပ်မြေကမ်ပိန်းက ရန်ပုံငွေတွေကြောင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲတိုက်ခိုက်သွားမယ်လို့ ပြည်သူတွေကို ကတိပြုကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်)က ဆိုပါတယ်။
“CDF Mindat ရဲဘော်များအနေဖြင့်လည်း မင်းတပ် မြို့သိမ်းတိုက်ပွဲအောင်မြင်အောင် ဆင်နွှဲပါမည်။ အရေးတော်ပုံပြီးသည်အထိ တော်လှန်ရေးအောင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစားသွားပါမည်ဟု ကတိပြုလိုက်ရပါတယ် ခင်ဗျာ”လို့ ဖော်ပြရေးသားထားပါတယ်။
နိုဝင်ဘာလပထမပတ်က စတင်ခဲ့တဲ့ ချင်းတော်လှန်ရေး အင်အားစုတွေရဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ စခန်းကုန်းတချို့ကိုလည်း သိမ်းဆည်းရရှိထားပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေသကဲ့သို့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကိုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၊ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။
ချင်းတော်လှန်ရေးအင်အားစုတွေ အားလုံးကတော့ ၂၀၂၄ ခုနှစ်အတွင်း သူတို့ ထိန်းချုပ်ထားရာ မြို့နယ်များမှာ စစ်ကောင်စီ ကင်းစင်ရေး စစ်ရေးရည် မှန်းချက် ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း အသီးသီး ထုတ်ပြန် အသိပေးထားပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်တောင်ပိုင်းက ကျင်ဒွေး၊ မကွီအိမ်နူးနဲ့ မတူပီမြို့တွေကို သိမ်းဆည်းနိုင်ထားခဲ့ပြီး အခုအခါ မင်းတပ်နဲ့ ဖလမ်းမြို့တွေကိုပါ သိမ်းနိုင်ဖို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေထက်ဝက်နီးပါးရှိတဲ့ လူနှစ်သိန်းခန့် စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တည်ထောင်ခြင်း ၃၆ နှစ်ပြည့်ကို CRPH က သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
Read More

Sexy Dance ဖြင့် ဖျော်ဖြေခဲ့မှုကြောင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် အမှုဖွင့်ခံထားရ

ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။