ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ (၁) ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထွီးသီးအုကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက် ညနေပိုင်းကလည်း K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စစ်တပ်တို့ကြား ဖာပွန်နယ်မြေ (ငှက်ပျောတော) မှာ (၁) ကြိမ်၊ ထွီးသီးအု နယ်မြေ မှာ (၁)ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား (၄) ယောက် သေဆုံးပြီး MA-1 (၃) လက်နဲ့ MA-4 (၁)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီရဲ့ မာထောစစ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာလည်း ၈၁မမ လက်နက်ကြီး (၁) လက် ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး ပွဲချင်းပြီး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရေးမြို့က စစ်ကောင်စီခမရ (၅၈၃) ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီရဲံ ခမရ (၅၈၃) တပ်ရင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။