မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးတပ်တွေက ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ ၁ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို လိုက်လံ တိုက်ခိုက်ခဲ့ရာ ၁ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီသေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာကောက်ယူတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ယင်းနေ့ နေ့လယ်ပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ယောက်သေဆုံးပြီး ဒဏ်ရာရရှိသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း G 2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးအပါအဝင် စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျား စစ်ကြောင်း (Yenanthar Column) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပွင့်ဖြူမြို့နယ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပယ်နံသာရွာအနီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာမှ အင်အား ၁၅၀ ခန့်နှင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်ခန့်မှာ ကျောက်ပြုတ်ရွာကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အသင့်ထောင့်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။