မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် One Championship ပွဲစဥ်ကို လွဲချော်သွားပြီဖြစ်ပါတယ်။
“ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”လို့စိုးလင်းဦးက သူရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။
စိုးလင်းဦးဟာ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ထိုးသတ်နေတဲ့ ရိုးရာလက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ ပါးနှင့် အဘွားဖြစ်သူ သေဆုံး၊ အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရသေ့တောင်နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၅ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၅ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်က ဘထလေကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။