မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် One Championship ပွဲစဥ်ကို လွဲချော်သွားပြီဖြစ်ပါတယ်။
“ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”လို့စိုးလင်းဦးက သူရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။
စိုးလင်းဦးဟာ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ထိုးသတ်နေတဲ့ ရိုးရာလက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။