မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
နိုဝင်ဘာ ၃၀ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းခြံမြို့မြောက်ဘက်၊ သစ်ရုံကျေးရွာနဲ့ ထန်းတောကြီးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ရင်း အသက် ၆၀အရွယ် အမျိုးသမီး၁ယောက်ကို ပစ်သတ်ခဲ့တဲ့ အင်အား ၁၀၀ပါ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မြင်းခြံ-နဘူးအိုင်လမ်းပိုင်းပေါ် ပဒေသာမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခဲ့တာ ဖြစ်ပါတယ်။
“သစ်ရုံနဲ့ ထန်းတောကြီးရွာတွေကို တိုက်ပွဲမရှိဘဲ သက်သက်မီးဝင်ရှို့ခဲ့တာပါ။ အဲ့ဒါ ကျနော်တို့က လမ်းကစောင့်နေပြီး ကုက္ကဲရဲစခန်းနားအရောက် မနက် ၁၀နာရီလောက်မှာ ပဒေသာမိုင်းအတွဲလိုက် ဆွဲခဲ့တာ။ ခြေလျင်စ​စ်ကြောင်းဆိုတော့ အများကြီးထိတယ်။ လေပေါ်မြောက်သွားတဲ့သူတွေရော လဲကျသွားတွေရော အများကြီးပါပဲ။ ” လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
သစ်ရုံနဲ့ ထန်းတောကြီးရွာတွေကို မြင်းခြံ အခြေစိုက် အမှတ်-၁၅ ခြေမြန်တပ်ရင်း (ခမရ ၁၅) စစ်အုပ်စုတွေနဲ့ လယ်သစ်ရွာ ပျူစောထီးတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ပျက်စီးတဲ့ အိမ်ခြေအတိအကျ အတည်မပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မိုင်းဆွဲခံရပြီးနောက်ပိုင်း စစ်အုပ်စုတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သလို ကုက္ကဲရဲစခန်းနားက ဒရောကြီးကျေးရွာကိုပါ ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ်အတွင်းက မြောက်ကျွန်းရွာဘက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေရှိကြောင်း သိရပါတယ်။
ပုံစာ – ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ရဲ့မိိုင်းဆွဲမစ်ရှင်တစ်ခု (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ(၅)မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အများအပြား အရှင်ဖမ်းမိ၊ စစ်ကောင်စီဘက်က ၄၅၀ ကျော်သေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို AA ထိန်းချုပ်လိုက်ပြီ

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော်အထက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ကျဆုံးရဲဘော်များကို ရည်စူးပြီး ပြုလုပ်သည့် ရေနံချောင်း PDF ၏ ဝါတွင်းကာလ ကောင်းမှုကုသိုလ် (ဓာတ်ပုံသတင်း)

၁၃၈၇ခုနှစ် ဝါတွင်းအခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ဃန်းအစရှိတဲ့ ဆွမ်းခဲဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံချောင်း PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။